အီတလီ – စပိန် (မြန်မာစံတော်ချိန် ဇူလိုင် ၇ ရက် နံနက် ၁း၃၀ နာရီ)
အီတလီအသင်းက ခြေစွွှမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အကောင်းဆုံးပုံစံကို ရောက်နေပြီလို့ ပြောရမယ်။ နောက်ဆုံး (၃၂)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားခဲ့ပြီး၊ နောက်ဆုံး (၁၅) ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ Form က အံ့အားသင့်စရာဖြစ်ပြီး အီတလီက အနိုင်ယူဖို့ခက်တဲ့အသင်းဖြစ်တယ်။ နောက်ခံအတွင်းလူနေရာမှာ သက်ကြီးကစားသမားတွေဖြစ်တဲ့ ဘိုနူချီ-ချီလီနီတို့ တွဲကစားနေပေမဲ့ နေရာလွတ်တွေကိုမပေးဘဲ ကစားတဲ့အသင်းဖြစ်လို့ အမြန်နှုန်းပြဿနာကို သိပ်ပြီးမကြုံတွေ့ရဘူး။ စပိန်ရဲ့ကစား ဟန်ကလည်း အီတလီအတွက် အခက်အခဲသိပ်မရှိဘူးလို့ ပြောနိုင်ပြီး မိုရာတာ၊ မော်ရီနို၊ ဆာရာဘီယာတို့လိုကစားသမားတွေက အီတလီခံစစ်ကစားသမားတွေအကြိုက် ကစားဟန်လို့ ပြောရမယ်။ စပိန်ရဲ့အားသာချက်က ကွင်းလယ်ကို စိုးမိုးပြီး
တောင်ပံတိုက်စစ်ကို ချိန်သားကိုက်ပေးပြီးမှ ဂိုးပြန်သွင်းတဲ့ပုံစံဖြစ်ပြီး အီတလီက လိုကာတယ်လီ-ဂျော်ဂျင်ဟို-ဘာရယ်လာတို့ရဲ့ကွင်းလယ်ကိုတော့ စိတ်ကြိုက်လုပ်ဖို့ မလွယ်ဘူးလို့ ပြောရမယ်။ စပင်နိုဇိုလာ မကစားနို်င်တာက အက်ဇ်ပီလီကွယ်တာအတွက်၊ စပိန်အတွက်သတင်းကောင်းပါပဲ။ ဒါပေမဲ့ ဖိုင်နယ်တက်ဖို့အတွက်တော့ အီတလီ လုပ်နိုင်လိမ့်မယ်ထင်တယ်။