spot_img

ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲပါက အင်္ဂလန်ကစားသမားများ အပိုဆုကြေး ပေါင် ၁၂ သန်းရရှိမည်

အင်္ဂလန်လက်ရွေးစင်ကစားသမားများ အနေဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲပါက အပိုဆုကြေး ပေါင် ၁၂ သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (FA) နှင့် ဗြိတိန်အစိုးရအနေဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲပါက ရရှိမည့် ဆုကြေးအနက် ရာခိုင်နှုန်း ၆၀ ကို FA က ထိန်းသိမ်းထားရန်နှင့် ရာခိုင်နှုန်း ၄၀ ကို ကစားသမားများအား ဆုကြေးအဖြစ် ပေးအပ်ရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။

myan789

သို့ဖြစ်ရာ အင်္ဂလန်ကစားသမားများအနေဖြင့် ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ပါ က ဆုကြေး ပေါင် ၁၂ သန်းရရှိမည်ဖြစ်ပြီး တစ်ဦးလျှင် ပေါင် ၄၆၁၀၀၀ စီရရှိမည်ဖြစ်သည်။ ယင်းပမာဏမှာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်သဖြင့် ရရှိခဲ့သည့်ဆုကြေး ပေါင် ၂၁၇၀၀၀ စီထက် နှစ်ဆပိုများကြောင်း သိရသည်။

ကစားသမားများအနေဖြင့် ပွဲကစားကြေးအဖြစ် တစ်ပွဲလျှင် ပေါင် ၂၀၀၀ စီရရှိမည်ဖြစ်ပြီး ရရှိမည့် ငွေကြေးအားလုံးကို ရန်ပုံငွေအဖြစ် ပြန်လည်လှူဒါန်းသွားမည်ဖြစ်သည်။ တစ်နှစ်လစာ ပေါင်သုံးသန်းရရှိနေသည့် အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်မှာလည်း စွမ်းဆောင်ရည်အပေါ်မူတည်၍ ဆုကြေး ပေါင်သိန်းဂဏန်းအထိ ရရှိနိုင်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ယူရိုပြိုင်ပွဲ အုပ်စုအဆင့် ယှဉ်ပြိုင်ခွင့်ရသည့် အသင်းအားလုံးကို တစ်သင်းလျှင် ပေါင် ၈ ဒသမ ၅ သန်းစီ ပေးအပ်မည်ဖြစ်ပြီး နောက်ဆုံးရောက်ရှိသည့် အဆင့်အလိုက် ဆုကြေးများ ထပ်မံပေးအပ်မည်ဖြစ်သည်။

အုပ်စုတွင်း၌ တစ်ပွဲအနိုင်ရလျှင် ပေါင် ၁ ဒသမ ၃ သန်း၊ ဗိုလ်လုပွဲတက်ရောက်နိုင်လျှင် ပေါင် ၆ ဒသမ ၅ သန်းနှင့် ချန်ပီယံဆုရယူ နိုင်ပါက ပေါင် ၈ ဒသမ ၆ သန်း ချီးမြှင့်မည် ဖြစ်ရာ အုပ်စုတွင်းပွဲအားလုံးအနိုင်ရပြီး ချန်ပီယံဆုရရှိသည့်အသင်းမှာ ဆုကြေးစုစုပေါင်း ပေါင်သန်း ၃၀ အထိ ရရှိနိုင်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular