ချက် – ဒိန်းမတ် (မြန်မာစံတော်ချိန် ဇူလိုင်လ ၃ ရက် ည ၁၀:၃၀ နာရီ)
နှစ်သင်းစလုံးက မာကျောပြီး အားကောင်းတဲ့အသင်းတွေဖြစ်တယ်။ ပက်သရစ်ရှစ်ခ်က ပြိုင်ပွဲရဲ့ ကြယ်တစ်ပွင့်အဖြစ် အကောင်းဆုံးပုံစံကို ပြသနေပြီး ချက်ရဲ့တိုက်စစ်ကို ဦးဆောင်နေတာ တွေ့ရတယ်။ ဒိန်းမတ်ကတော့ ခံစစ်ကစားပုံပိုကောင်းပြီး မာကျောသလို၊ တိုက်စစ်ကလည်း ဂိုးတွေအများကြီး သွင်းနေတဲ့အသင်းပါ။ ဟန်ချက်ပိုညီပြီး အင်အားပိုတောင့်တဲ့ ဒိန်းမတ်ကို ကြိုက်တယ်။
ယူကရိန်း – အင်္ဂလန် (မြန်မာစံတော်ချိန် ဇူလိုင် ၄ ရက် နံနက် ၁:၃၀ နာရီ)
ဂျာမနီကို နိုင်ခဲ့တဲ့ ပွဲက အင်္ဂလန်အတွက်တော့ Morale-boosting အောင်ပွဲဖြစ်ပြီး ဒီပွဲမှာ ယုံကြည်မှုအပြည့်နဲ့ ကစားမယ့် အင်္ဂလန်ကို မြင်ရလိမ့်မယ်လို့ မျှော်လင့်ရတယ်။ မမျှော်လင့်ထားတာတွေ ဖြစ်လာနိုင်တာကို ကြိုတွေးထားကြည့်ပေမဲ့ ယူကရိန်းမှာ အင်္ဂလန်ကို ကျော်ဖြတ်နိုင်တဲ့ အမြန်နှုန်း၊ မာကျောမှုနဲ့ တစ်ဦးချင်းအရည်အသွေးတွေ မလုံလောက်ဘူးလို့လည်း ခံစားရတယ်။ ဟာရီကိန်းက ဒီပွဲမတိုင်ခင် ဂိုးပေါက်ပြန်တွေ့ခဲ့ပြီး ဗိုလ်လုပွဲသာတက်ခဲ့မယ်ဆိုရင် ဒီပွဲအပါအဝင် (၃)ပွဲမှာ ဘာမဆို လုပ်နိုင်ပါသေးတယ်။ စတာလင်၊ ဆာကာ၊ ဖိုဒန်၊ ဂရီးလစ်ရှ်တို့လို ကစားသမားတွေရဲ့ တစ်ဦးချင်းကစားပုံ၊ ကစားပေါက်၊ အမြန်နှုန်းတွေကို ကြည့်တဲ့အခါ အင်္ဂလန်က ဒီပြိုင်ပွဲမှာ ပယ်နယ်တီတွေ ယူနိုင်တဲ့အသင်းမျိုးလို့ ခံစားရမှာဖြစ်ပြီး အခုအချိန်အထိ ဒီအခွင့်အရေးမရသေးဘူး။ ဒီအချက်က ယူကရိန်းနဲ့ ပွဲမှာ စောင့်ကြည့်ရမယ့် အချက်ဖြစ်တယ်။ ပုံမှန်အားဖြင့် ယူကရိန်း ခံစစ်ကစားသမားတွေက မာကျောတယ်။ ဒါပေမဲ့ အမြန်နှုန်းမှာ အင်္ဂလိပ်တိုက်စစ်ကစားသမားတွေကို မမီဘူး။ အင်္ဂလန်ကို ခက်ခဲစေမယ့် အချက်ဆိုလို့ ဟာရီကိန်း ခြေမပေါ်မှာ၊ ဂိုးပေါက်နဲ့ အဝေးကြီးမှာ ကစားနေတာ၊ ဒါမှမဟုတ် ဆာကာ ဆက်ကစား ပြီး ဂိုးစည်းထဲ သိပ်မဝင်ရဲတာတွေပဲ ရှိတယ်။ ပုံမှန်အားဖြင့်တော့ အင်္ဂလန် နိုင်ပွဲဆက်ဦးမှာပါ။