ယူရို သန်း 180 ရဖို့ မျှော်လင့်ချက် နဲ့ အသင်းအတွက် အသုံးမလိုတော့တဲ့ ကစားသမားတွေ ရောင်းထုတ်တော့မယ့် ရီးရဲ မက်ဒရစ်

ပုံမှန် အားဖြင့်တော့ အပြောင်းအရွှေ့ ကာလ တစ်ခု ဖွင့်လှစ်လိုက်ပြီ ဆိုရင် ဥရောပ ထိပ်သီး ကလပ် တော်တော်များများ ဟာ ရောင်းစာရင်းထက် အဝယ် စာရင်းက ပိုများသလို ၊ ဝင်ငွေထက် အသုံးစာရိတ်က ပိုများကြလေ့ ရှိပါတယ်။

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ အဲဒီ အစဉ်အလာဟာ စပိန် ထိပ်သီး ကလပ် နှစ်ခု ဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ အတွက်တောင် သိသိသာသာကြီး ဆန့်ကျင်နေမှာ ဖြစ်ပါတယ်။

myan789

ဘာစီလိုနာ ဟာ အရောင်းစာရင်းမှာ ကစားသမားပေါင်း 12 ယောက် အထိ တင်ထားသလို ၊ ရီးရဲ မက်ဒရစ် ကလဲ ဒီနှစ် အရောင်းစာရင်းကတော့ ယူရို သန်း 180 အထိ ပြန်လည် ရရှိဖို့ မျှော်လင့်လျှက် ရှိနေပါတယ်။

ပထမဆုံး ရီးရဲ မက်ဒရစ် ရောင်းချမယ့် ကစားသမား က ဂါရတ်ဘေးလ် ပါ။ အသင်းအတွက်လဲ အသုံးမဝင် သလို ၊ လစာ ပမာဏ ကလဲ တနင့်တစ်ပိုးကြီးတောင် ပေးထားရပါတယ်။ ဘေးလ် ရဲ့ အေးဂျင့် ဖြစ်သူ ကတော့ သူ့ ကစားသမားဟာ အသင်းနဲ့ 2 နှစ် စာချုပ် သက်တမ်းတောင် ကျန်နေသေးတာကြောင့် ၊ အပြောင်းအရွှေ့ လုပ်ဖြစ်မှာ မဟုတ်သေးဘူးလို့ ပြောရင်း လမ်းပိတ်ထားပါတယ်။

သို့သော် ဒါတွေက လူလည် အေးဂျင့်တွေ ရဲ့ ကစားကွက်တွေပါ။ အထူးသဖြင့် ပုံမှန် ကစားခွင့် မရတော့တဲ့ ကစားသမား တစ်ယောက် အတွက် ကလပ်အသင်းဘက် က လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ က များလွန်းနေမှာ စိုးလို့ ကြိုပြီး လေသံ ပစ်ထားတာလဲ ဖြစ်နိုင်ပါတယ်။

ဘေးလ်ဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ ရီးရဲ မက်ဒရစ် အသင်းက ဗိုလ်စွဲခဲ့သည့်တိုင်အောင် ၊ သူ့ရဲ့ စွမ်းဆောင်ရည် သွင်းဂိုး က 2 ဂိုးသာ ရှိခဲ့တာပါ။ စက်တင်ဘာ လ က ကစားခဲ့တဲ့ ဗီလာရီးရဲ နဲ့ 2-2 သရေ ကျတဲ့ ပွဲစဉ် နောက်ပိုင်း ၊ သူ့ရဲ့သွင်းဂိုးတွေ ကို လုံး၀ မြင်တွေ့ခဲ့ရခြင်း မရှိသလို ၊ လူစားလဲ ဝင်ရောက် ကစားခွင့် ရတဲ့ အချိန်မှာတောင် ပုံမှန် ဘောလုံးပေးပို့မှုတွေကို တိတိကျကျ ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။

ဒါကြောင့် 5 ပွဲ ဆက်တိုက် အရံခုံမှာပဲ ထိုင်ခဲ့ရတဲ့ အပြင် ၊ လာလီဂါ အပိတ်ပွဲစဉ် ဖြစ်တဲ့ လီဂါနက် နဲ့ ပွဲမှာ ဆိုရင် ကစားသမား စာရင်းတောင် ပါဝင်ခဲ့ရခြင်း မရှိခဲ့ပါဘူး။

အဆိုးဆုံးတွေ ကတော့ အလာဗက် နဲ့ ကစားတဲ့ ပွဲမှာ အိပ်ပျော်နေခဲ့သလို ၊ ဂရန်နာရာ နဲ့ ကစားခဲ့တဲ့ ပွဲမှာလဲ ပွဲကြည့်စဉ်ပေါ်ကနေ သူလုပ်နေခဲ့ ချောင်းကြည့်တဲ့ အမူအရာ တစ်ချို့က တော်တော်လေးကို ပရော်ဖက်ရှင်နယ် စိတ် ကင်းမဲ့လွန်းတယ်လို့ မှတ်ချက် ပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဇီဒန်း ရှင်းထုတ်တော့မယ့် စာရင်းမှာ သူက ထိပ်ဆုံးကနေ ရှိနေတာပါ။

အာဆင်နယ် မှာ အငှားနဲ့ ကစားနေတဲ့ စီဘယ်လော့ ကတော့ အပြီးသတ် ပြောင်းရွှေ့ချင်တယ် ဆိုတဲ့ စကားမျိုးတောင် ပြောဆိုထားပြီးပြီ ဖြစ်သလို ၊ ရီးရဲ ကလဲ ယူရို 30-35 သန်း အကြား ရမယ် ဆိုရင် ၊ ပြောင်းရွှေ့နိုင်တဲ့ အကြောင်း အသိပေးထားပါတယ်။

ဟားမက် ရိုဒရီဂွက် ကတော့ ပေါ်တူဂီ ကလပ် ဘင်ဖီကာ ဆီ ပြောင်းရွှေ့တော့မယ့် သတင်းတွေ ထွက်နေပါတယ်။ သူ့ရဲ့ အေးဂျင့် ဂျော့ရှ် မန်ဒက်ဟာ ကစားသမားကို ပုံမှန် ကစားခွင့် ရမယ့် အသင်းတစ်သင်းဆီ ပို့ဆောင်နိုင်ဖို့ ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါ ကလပ် ဟာသာဘာလင် နဲ့ ဘိုင်ယန် နည်းပြဟောင်း ကိုဗက် ကိုင်တွယ်နေတဲ့ မိုနာကို အသင်းတွေ ကတော့ တိုက်စစ်မှုး ဂျိုဗစ် ကို ခေါ်ယူဖို့ အတွက် အပြိုင်စိတ်ဝင်စားလျှက် ရှိနေပါတယ်။

ဒါ့အပြင် အငှားထွက် ကစားခဲ့တဲ့ လူငယ် ခံစစ်မှုး ဗယ်လီဂျို ကိုလဲ ဂျာမန် ကလပ် တစ်ချို့ နဲ့ ဂရန်နာရာ အသင်းတွေကို ခေါ်ယူဖို့ ကြိုစားနေပြီး ၊ ရီးရဲ မက်ဒရစ် ဘက်က ယူရို 15 သန်း ဈေးဆိုထားပါတယ်။

လာလီဂါ ရဲ့ ဖရီးကစ် စပါရှယ်လစ် လို့ တင်စားထားကြတဲ့ လီဂါနက် အသင်းဆီ အငှားနဲ့ သွားရောက် ကစားနေသူ အော်စကာ ရိုဒရီဂွက် ကို ခေါ်ယူဖို့ အတွက်တော့ ဗီလာရီးရဲ က ကြိုးပမ်းလျှက် ရှိနေပြီး ၊ ယူရို သန်း 20 ဝန်းကျင် နဲ့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် အခြား ကစားသမားတွေ ဖြစ်တဲ့ မာရီယာနို ဒီယာ့ဇ် ၊ ဘရာဟမ် ဒီယာ့ဇ် တို့ကို ကို ကမ်းလှမ်းလာတဲ့ အသင်းမျိုးတွေ ရှိရင် ၊ ရောင်းချဖို့ အတွက် ပြင်ဆင်ထားပါတယ်။

လက်ရှိမှာ ရီးရဲ မက်ဒရစ်ဟာ နောက်တန်း ကစားသမား အာခက်ဖ် ကို အင်တာမီလန် အသင်းထံ ယူရို သန်း 40 နဲ့ ရောင်းချပြီးပြီ ဖြစ်သလို ၊ ဂျာဗီ ဆန်းချက် ကိုလဲ ရီးရဲ ဗယ်လာဒိုးလစ် အသင်းထံ ယူရို 3 သန်းနဲ့ ရောင်းချခဲ့ပြီးပြီပါပြီ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular