ပရီးမီးယားလိဂ် ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ အီယန်ရိုက် နဲ့ ရွိုင်ကိန်း တို့ဟာ အီတလီ နဲ့ ကစားရမယ့် ယူရို ဗိုလ်လုပွဲ မတိုင်မှီ အင်္ဂလန် အသင်းရဲ့ လူငယ် ကြယ်ပွင့် ဘူကာရို ဆာကာ ကို ချီးကျုး သွားခဲ့ပါတယ် ။
ဆာကာ ဟာ ဒီနှစ် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ချက် အသင်း ၊ ဂျာမနီ ၊ ဒိန်းမတ် အသင်းတို့နဲ့ ပွဲတွေမှာ ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ဆာကာ ဟာ ဒိန်းမတ် နဲ့ ပွဲမှာ အင်္ဂလန် အတွက် အဖိုးတန် ချေပဂိုးကို ဖန်တီး ပေးနိုင် ခဲ့သူပါ ။
ဆာကာ ဟာ ဒိန်းမတ် နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိတာကြောင့် ဆီမီးဖိုင်နယ် အဆင့်မှာ ပွဲထွက် ကစားခွင့် ရရှိတဲ့ အသက် အငယ်ဆုံး အင်္ဂလန် ကစားသမား ဖြစ်ခဲ့ပါတယ် ။ ဆာကာ ဟာ အီတလီ နဲ့ ဖိုင်နယ်ပွဲမှာလည်း ပွဲထွက် ကစားရဖို့ ရှိနေပါတယ် ။
မန်ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူ ရွိုင်ကိန်း က ဆာကာ ရဲ့ ခြေစွမ်းဟာ ဗိုလ်လုပွဲမှာ ပွဲထွက် ကစားခွင့် ရရှိဖို့ ထိုက်တန်တယ်လို့ ITV နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။ ” သူ(ဆောက်ဂိတ်) မှာ ရွေးချယ်စရာကောင်းတွေ ရှိနေပါတယ် ”
” ဆာကာ ကစားတာ ကြည့်ရတာ သိပ်ကောင်းပါတယ် ၊ လူတွေက လူငယ်တွေရဲ့စွမ်းဆောင်ရည် အပေါ် စိုးရိမ်တတ်ကြပါတယ် ။ ဒါပေမယ့် ခုဆို သူက အင်တာဗျူး ခံနေရပါပြီ ၊ သူက အခက်အခဲမှန်သမျှ ကို ရင်ဆိုင် ကျော်ဖြတ် ပြခဲ့ပြီးပါပြီ ။ “.
” သူ့ရဲ့မြန်နှုန်း ၊ ရွေ့လျားပုံတွေက တကယ့်ကို ထူးချွန် ပြောင်မြောက် ပါတယ် ။ ကိန်းတစ်ယောက် နောက်ထိ ဘောလုံးထိ ဆင်းယူမယ်ဆိုရင် အမြန်နှုန်း ရှိတဲ့ ကစားသမားက အရေးကြီးပါတယ် ၊ ပြိုင်ဘက် အီတလီ ဘက်ခြမ်းကို ဘယ်လို ထိုးဖောက်တိုက်စစ်ဆင်မလဲ ဆိုတာ အဲ့ဒီပွဲရဲ့ အရေးကြီးဆုံး အပိုင်းပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် ကလည်း ” ဆာကာ က ဘောလုံး ရတာနဲ့ ပြိုင်ဘက် ကွင်းလယ် နဲ့ ခံစစ်ကို ထိုးဖောက်ပြီး တစ်စုံတစ်ခု လုပ်ပြ ပါလိမ့်မယ် ။ ရှေ့ပွဲတွေမှာလည်း ကျနော်တို့ သူ လုပ်ပြနိုင်တဲ့ အရာတွေကို မြင်တွေ့ ခဲ့ရပါတယ် ။ ”
” ဒါကြောင့်လည်း ဆောက်ဂိတ် က သူ့ကို ယုံကြည်မှု ရှိတာ ဖြစ်နိုင်ပါတယ် ၊ ဆာကာ တစ်ယောက် မိနစ် ၆၀ လောက်အထိ ကစားခွင့် ရမယ်လို့ ထင်ပါတယ် ၊ ပြီးရင်တော့ ဆန်ချို သို့မဟုတ် ရက်ရှ်ဖိုဒ့် သို့မဟုတ် ဂရီးလစ်ရှ် ကို ထည့်လို့ ရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ဖိုင်နယ် ပွဲအတွက် အင်္ဂလန် အသင်း ကစားသမား ၂၆ ဦးမှာ ၂၅ ဦးဟာ ကြံ့ခိုင်မှု ပြည့်ဝ နေကြပြီး ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေတဲ့ မန်စီးတီး စတား ဖိုဒန် ကတော့ ပါဝင် ကစားနိုင်ဖွယ် မရှိပါဘူး ။