spot_img

ယူရိုအဖွင့်ပွဲစဉ်မှာ ဆောက်ဂိတ်ရဲ့ လျစ်လျူရှုမှုကို ခံခဲ့ရတဲ့ ကစားသမားတွေထဲက မဖြစ်မနေ ပွဲထုတ်ရမယ့် ကစားသမားကို ပြောပြလိုက်တဲ့ ရွန်းနီ

၀ိန်းရွန်းနီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရိုအေးရှားကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဂါရက်ဆောက်ဂိတ်ရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတဲ့ ဂျက်ဂရီလစ်ခ်ျဟာ အင်္ဂလန်ရဲ့ ယူရို ၂၀၀၂ campaign မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အက်စတွန်ဗီလာ အသင်းခေါင်းဆောင်ဟာ အင်္ဂလန်တို့ ခရိုအေးရှားကို စတားလင်းရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အုပ်စု D အဖွင့်ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။

အင်္ဂလန်ဟာ လာမည့် သောကြာနေ့မှာတော့ ၀င်ဘာလေမှာ စကော့တလန် အသင်းကို လက်ခံ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်သူ ရွန်းနီက ဆောက်ဂိတ်ဟာ စကော့တလန်နဲ့ ပွဲစဉ်မှာ ဂရီလစ်ခ်ျကို ယူရိုပြိုင်ပွဲရဲ့ ပထမဦးဆုံး ပွဲထွက်ခွင့်ကို ပေးသွားလိမ့်မယ်လို့ ခန့်မှန်း လိုက်ပါတယ်။

myan789

ရွန်းနီက “လာမည့် ပွဲစဉ်တွေမှာ ကျွန်တော် ဂျက်ဂရီလစ်ခ်ျ ကစားတာကို မြင်ချင်ပါတယ်။ သူဟာ ယူရိုပြိုင်ပွဲအတွင်းမှာ တောက်ပလာမယ့် ကစားသမား တစ်ဦး ဖြစ်ပြီး သူဟာ အင်္ဂလန် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။ စကော့တလန် နဲ့ ပွဲစဉ်မှာ ဆောက်ဂိတ် အနေနဲ့ အပြောင်းအလဲ အနည်းငယ် လုပ်လိမ့်မယ်လို့ ကျွန်တော် မြင်နေပါတယ်။ အဲဒီပွဲစဉ်မှာ ဂရီလစ်ခ်ျ ပွဲထွက် ပါ၀င်ခွင့် ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

အင်္ဂလန်ဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုမှာ အတောင့်တင်းဆုံး ပြိုင်ဘက် ဖြစ်တဲ့ ခရိုအေးရှားကို နိုင်ခဲ့တဲ့ အတွက် သောကြာနေ့မှာ အနည်းငယ် relax ဖြစ်နေပါလိမ့်မယ်။ အကယ်လို့များ အဖွင့်ပွဲစဉ်မှာ သူတို့ မနိုင်ထားခဲ့ဘူး ဆိုရင်တော့ ဒီပွဲစဉ်မှာ ဖိအားတွေ များပြား နေမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဒ့ါအပြင် ရွန်းနီဟာ ခရိုအေးရှားနဲ့ ပွဲစဉ်မှာ စတားလင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ကယ်ဗင်ဖီးလစ် နဲ့ back four ရှေ့ကနေ ကောင်းစွာ ကာကွယ် ကစားပေးခဲ့တဲ့ ဒန်ကလန်ရိုက်စ် တို့ကို ချီးကျူး သွားခဲ့ပါတယ်။

ရွန်းနီက “ဖီးလစ်ဟာ အဆိုပါပွဲရဲ့ အကောင်းဆုံး ကစားသမား ပါပဲ။ ဒန်ကလန်ရိုက်စ် ကလည်း ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ကွင်းထဲမှာ အကောင်းဆုံး လုပ်ပြနေတာကို တော်ရုံလူက မသိနိုင်ပါဘူး။ ပြီးတော့ တိုင်ရွမ်မင့်စ် ကလည်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ သူတို့ အတွက် ဒါဟာ ပထမဦးဆုံး ယူရိုပြိုင်ပွဲ ဖြစ်ပေမယ့် အားလုံးဟာ တကယ် ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖီးလစ် ကတော့ အထူးချွန်ဆုံး ကစားသွားခဲ့တာပါ။” လို့ ပြောလိုက်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular