spot_img

ယူရိုမှာ ဗိုလ်စွဲအပြီး အင်္ဂလန် စတား တဦးနဲ့ ပတ်သက်ကာ ခန့်မှန်းမှု လုပ်သွားတဲ့ ရိုဒရီ

ယမန်နေ့ညက ဂျာမနီနိုင်ငံ ၊ ဘာလင်မြို့မှာ ကစားသွားတဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန် အသင်းဟာ အင်္ဂလန် အသင်းကို ပွဲပြီးခါနီး ၅မိနစ် အလိုမှာ ရခဲ့တဲ့ လူစားဝင် တောင်ပံ ကစားသမား မီခေးလ် အိုယာဇာဘဲလ်ရဲ့ သွင်းဂိုးနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပြီ ဖြစ်ပါတယ် ။

စပိန်ဟာ ပြိုင်ပွဲတလျှောက်မှာလို ဒီပွဲမှာလည်း အဖက်ဖက်က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ၊ ထိုက်ထိုက်တန်တန်နဲ့ ချန်ပီယံ ဖြစ်ခဲ့တာ မှန်ပေမယ့် ၊ နေရာတိုင်းမှာ ဒုတိယ ဖြစ်နေခဲ့တဲ့ အင်္ဂလန်ဟာလည်း လူစားဝင် တောင်ပံကစားသမား ကိုးလ်ပါလ်မာကြောင့် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးကို မိနစ် အချို့မျှ ပိုင်ဆိုင်ခဲ့ပါသေးတယ် ။

myan789

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ယင်းချဲလ်ဆီး ကြယ်ပွင့်ဟာ လူစားဝင်အပြီး ၃မိနစ် အကြာမှာပဲ ပင်နယ်တီ ဧရိယာ ပြင်ပမှ အဝေးကန်ချက်နဲ့ အတူ တပွဲလုံး ဘာမှ မခြိမ်းခြောက်နိုင်ခဲ့တဲ့ အင်္ဂလန် အတွက် ချေပဂိုး လှလှပပ ပြန်ယူပေးခဲ့တာ ဖြစ်ပါတယ် ။

အဆုံးမှာတော့ နောက်တန်း အာရုံစိုက်မှု အားနည်းခြင်းကြောင့် စပိန်ကို ပြန်လည် ဦးဆောင်ခွင့် ပေးခဲ့ရသလို ၊ စပိန် ကွင်းလယ်လူ ဒန်နီ အော်လ်မိုရဲ့ ဂိုးစည်းပေါ်မှာ ခေါင်းတိုက်ရှင်းထုတ်မှုကြောင့် အင်္ဂလန်တို့ လိုအပ်နေခဲ့တဲ့ ချေပဂိုး မရခဲ့ပဲ ၊ ဖိုင်နယ် ၂ကြိမ်ဆက် အရှုံးသမားတွေ ဖြစ်သွားခဲ့ပါတယ် ။

ဒီယူရိုမှာ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ မန်စီးတီးနဲ့ စပိန် ကွင်းလယ်လူ ရိုဒရီကတော့ သူ့ရဲ့ ကလပ် အသင်းဖော်ဟောင်း ကိုးလ်ပါလ်မာဟာ အနာဂတ်မှာ ထိပ်တန်း တိုက်စစ် ကစားသမား တယောက် ဖြစ်လာမယ့် အကြောင်း ပွဲပြီး အင်တာဗျူးမှာ ဟောကိန်း ထုတ်သွားပါတယ် ။

ရိုဒရီ က ” သူတို့ဟာ ဂိုးသွင်းနိုင်ဖို့ အတွက် ကြီးကျယ်တဲ့ ပွဲတပွဲ ဖြစ်အောင် လုပ်စရာ မလိုဘူး ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ် ။ ဒီချာတိတ်တွေကို ကျွန်တော် သိပါတယ် ။ သူ ( ပါလ်မာ ) ဟာ ကြီးကျယ်တဲ့ အရည်အချင်းရှိ ကစားသမား တယောက်ပါ ။ သူဟာ လာမယ့် နှစ်တွေမှာ ထိပ်တန်း ကစားသမား တယေယက် ဖြစ်လာပါလိမ့်မယ် ။ ”

” ဒီနေ့ပွဲမှာ သူဟာ ဂိုးထောင့်ထဲကို ကန်သွင်း အဆုံးသတ်နိုင်ခဲ့တာပါ ။ ဒီလို အခိုက်အတန့်တွေမှာ ကျွန်တော်တို့ အနည်းငယ် ခုခံခဲ့ရပေမယ့် ၊ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ဟာ ဒီအခြေအနေတွေကို ကျော်လွှားနိုင်မယ့် ဖြေရှင်းချက် တခုခုကို ရှာတွေ့ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

စပိန်ဟာ ဒီယူရိုမှာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် သမိုင်းတလျှောက် ဥရောပ ချန်ပီယံဆု ၄ကြိမ် အထိ ဆွတ်ခူးနိုင်လိုက်ပြီး ၊ အအောင်မြင်ဆုံး အသင်း ဖြစ်လာပါတယ် ။ ရာနှုန်းပြည့် နိုင်ပွဲ ရမှုနဲ့ အတူ ချန်ပီယံ ဖြစ်သွားတဲ့ အပေါ် ရိုဒရီက အခုလိုပဲ မှတ်ချက်ပြုလာပါတယ် ။

ရိုဒရီ က ” ဒါက မယုံနိုင်စရာပါပဲ ။ ဒါက အိပ်မက် တခုပါ ။ အခုဆို ကျွန်တော်တို့ဟာ ဥရောပရဲ့ အကောင်းဆုံး နိုင်ငံအသင်း ဖြစ်နေပါပြီ ။ ဒါက ရူးလောက်စရာကောင်းပါတယ် ။ ဒီအရာက ကျွန်တော်တို့ ဒီနှစ်တွေမှာ ဘယ်လိုမျိုး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့လဲ ၊ ဘယ်လောက်ထိ ကိုယ့်ကိုယ်ကို နှိမ့်ချခဲ့လဲ ၊ ဘယ်တော့မှ အရှုံးမပေးခဲ့ခြင်းကို ဖော်ညွှန်းနေပါတယ် ။ ”

Rhodri made a prediction about an England star after winning the Euro

” ဒီပြိုင်ပွဲမှာလား ? လုပ်ပါဦးဗျာ ။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလား ချန်ပီယံဆု ရဖူးတဲ့ အသင်း ၄သင်းကို အနိုင်ယူခဲ့တာပါ ။ ဒါက အရမ်း ခက်ခဲပါတယ် ။ ဒါက မယုံနိုင်စရာပါ ။ ရှေ့မှာ ကျွန်တော်တို့ ကြုံရမယ့် အရာတွေကို တွေးကြည့်ပါဦး ။ ကျွန်တော်တို့ဟာ သမိုင်းမှတ်တမ်း တရပ် ရေးထိုးနိုင်ခဲ့ပေမယ့် ၊ ဒါက ဒီမှာပဲ ရပ်တန့်သွားမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော်တို့ အတွက် အနာဂတ်က အရာရာ ဆွတ်ခူးနိုင်ဖို့ပါ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရည်အချင်းတွေ ရှိနေလို့ပါ ။ အခုတော့ ကျွန်တော်တို့ဟာ ကြုံလာမယ့် ဘယ်အရာပဲဖြစ်ဖြစ် ရင်ဆိုင်သွားမှာပါ ။ ဒါပေမယ့် အရေးကြီးတာက ကျွန်တော်တို့ စွမ်းဆောင်ပြခဲ့တဲ့ အရာ အတွက် အောင်ပွဲခံဖို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular