spot_img

ယူရိုဖိုင်နယ်မှာ အင်္ဂလန်ကို ဒုက္ခပေးနိုင်တဲ့ စပိန် ကစားသမား ၂ ဦးကို ထုတ်ဖော်လိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီးက စပိန် ကစားသမား ၂ ဦးဟာ လာမည့် တနင်္ဂနွေနေ့ ဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန်ကို ဒုက္ခပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်ဟာ အိုလီဝက်ကင်းရဲ့ နောက်ကျဂိုးနဲ့ အတူ နယ်သာလန်ကို ၂-၁ နဲ့ အနိုင်ယူကာ ဖိုင်နယ်အဆင့်ကို တက်လာခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ အခုဆိုရင် ပြင်သစ်ကို ဆီမီးဖိုင်နယ်မှာ ၂-၁ နဲ့ အနိုင်ယူခဲ့တဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းလို့ ဆိုနိုင်တဲ့ စပိန် နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

စပိန်ဟာ ယူရိုမှာ အထူး ခြေစွမ်းပြ ကစားနေတဲ့ အသင်း ဖြစ်ပြီး ပြင်သစ်နဲ့ ပွဲစဉ်မှာ လမင်းယာမယ်ဟာ ဂိုးသွင်းပြီး စံချိန်ချိုးကာ သတင်းခေါင်းကြီးမှာ နေရာယူခဲ့ပေမယ့်လည်း နဗီးက စပိန် ကွင်းလယ် အတွဲဖြစ်တဲ့ ရိုဒရီ နဲ့ ဖာဘီယန်ရူအစ် တို့ကသာ အင်္ဂလန် အတွက် အထူး စိုးရိမ်စရာ ကစားသမားတွေ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

myan789

နဗီးက “ကျနော်ပြောတာ ယုံပါ။ အကယ်လို့များ ကျနော်တို့ ရိုဒရီ နဲ့ ဖာဘီယန်ရူအစ် တို့ကို ကွင်းလယ်မှာ လွှမ်းမိုး ကစားခွင့်ပြုလိုက်မယ်ဆိုရင် အင်္ဂလန်တို့ ကစားရတာ အတော်ခက်ခဲ သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဒါဟာ တကယ် အရေးပါပါတယ်။ အရေးကြီးဆုံးက ဒီနှစ်ဦးကို ရင်ဆိုင်ဖို့ အတွက် ဘယ်လို ဗျူဟာ ချသွားမလဲဆိုတာပါပဲ။ အကယ်၍ ဒီနှစ်ဦးသာ တောင်ပံ ကစားသမားတွေကို ကွင်းလယ်ကနေ pass တွေ ကောင်းကောင်း ပေးပို့ခွင့်ရမယ်ဆိုရင် အင်္ဂလန်ရဲ့ နောက်တန်း အစွန်လူတွေ အနေနဲ့ တနင်္ဂနွေနေ့မှာ ဒုက္ခရောက်နိုင်ပါတယ်။

England vs. Spain In Euro Cup 2024

ရိုဒရီ နဲ့ ဖာဘီယန်ရူအစ် တို့ကို ကောင်းကောင်း ထိန်းချုပ် ကစားနိုင်မယ်ဆိုရင် စပိန်ရဲ့ တိုက်စစ်အားက အတော် ကျဆင်းသွားနိုင်ပါတယ်။ သူတို့ဟာ ပြင်သစ်နဲ့ပွဲမှာ တအားကို ကောင်းခဲ့တယ်လို့ ကျနော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အင်္ဂလန်နဲ့ ပက်သက်ပြီး ပြင်သစ်နည်းပြ ဒီလာဖွန်တီကလည်း “အင်္ဂလန်ဟာ ပါဝါကောင်းပြီး အတွေ့အကြုံရှိ ကစားသမားတွေ အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဖိုင်နယ်ဟာ တအားကို ခက်ခဲပြီး တောင်းဆိုမှု မြင့်မားနိုင်ပါတယ်။ ကျနေ်ာတို့ဟာ သူတို့ထက် ပိုကောင်းအောင် ကစားထားခဲ့ပေမယ့် ဒါဟာ ဖိုင်နယ်ပွဲစဉ် အပေါ် လွှမ်းမိုးမှု မရှိပါဘူး။ ကျနော်တို့ ဖိုင်နယ်မှာ အနိုင်ရဖို့ အတွက် ကျနော်တို့ရဲ့ ပိုကောင်းတဲ့ version ကို ပြသသွားရမှာပါ။”

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular