စကော့တလန် – ချက်(မြန်မာစံတော်ချိန် ဇွန်လ ၁၄ ရက် ည ရး၃၀ နာရီ)
စကော့တလန်က နောက်ပိုင်းနှစ်တွေမှာ အတောင့်တင်းဆုံးလူအင်အားကို ပို်င်ဆိုင်ထားပြီး၊ ချက်ကတော့ ပိုမာကျောတဲ့အနေအထားကို မြင်ရတယ်။ ခြေသိပ်မကွာတဲ့အသင်းတွေဖြစ်ပြီး သရေကျသွားနိုင်တယ်။
ပိုလန် – ဆလိုဗက်ကီးယား(မြန်မာစံတော်ချိန် ဇွန်လ ၁၄ ရက် ည ၁ဝး၃၀ နာရီ)
ပိုလန်က ရုရှားနဲ့ အိုက်စလန်ကို နှစ်ပွဲဆက်သရေကျခဲ့ပြီး နောက်ပိုင်းပွဲတွေမှာလည်း အန်ဒိုရာလို အသင်းငယ်လေးတစ်သင်းကိုသာ အနိုင်ရခဲ့တာကိုတွေ့ရတယ်။ လီဝန်ဒေါစကီးရဲ့ ပုံရိပ်နဲ့ အားကောင်းတဲ့အသင်းအဖြစ် အားလုံးက ယူဆထားကြပေမဲ့ တကယ်တမ်းတော့ ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတယ်။ ဒါပေမဲ့ ဆလိုဗက်ကီးယားကိုတော့ ပိုလန် အသာစီးက ကစားနိုင်ပါတယ်။ စပိန်၊ ဆွီဒင်တို့နဲ့ နေရာအပြိုင်လုဖို့အတွက် ဒီပွဲကို ပိုလန်အနိုင်ကစားပါလိမ့်မယ်။
စပိန် – ဆွီဒင်(မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
ပေါ်တူဂီနဲ့ကစားခဲ့တဲ့ ခြေစွမ်းအရ စပိန်က အန္တရာယ်ရှိတဲ့အသင်းတစ်သင်းအဖြစ် ယူဆလို့ရပြီး ရှုံးထွက်အဆင့်နောက်ပိုင်းရောက်မှ စပိန်ရဲ့အနေအထားမှန်ကို မြင်တွေ့ခွင့်ရမယ်ထင်တယ်။ ဆွီဒင်က နိုင်ပွဲဆက်နေပေမဲ့ အောက်အသင်းတွေနဲ့ ကစားရ တာများပါတယ်။ ဒါပေမဲ့ စပိန်ကို ဒုက္ခပေးနိုင်တဲ့အဆင့်အတန်းမှာရှိပြီး မာကျောတဲ့ပြိုင်ဘက်တွေနဲ့ဆိုရင် တိုက်စစ်ပြဿနာရင်ဆိုင်နေရတဲ့ စပိန်အတွက် ရင်လေးစရာပြိုင်ဘက်ပါ။ သရေကျသွားနိုင်တယ်။