spot_img

ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် အေစီမီလန် (၁၂-၃-၂၀၂၁ နံနက် ၀၀:၂၅ နာရီ)
မန်ယူအသင်းရဲ့ ယူရိုပါလိဂ်လမ်းကြောင်းက ပြိုင်ဘက်အသင်းတွေထက် အတော်ခက်ခဲနေပြီး ဆိုစီဒက်နဲ့ယှဉ်ပြိုင်အပြီးမှာ အေစီမီလန်နဲ့ဆက်လက်ဆုံတွေ့နေတာဖြစ်တယ်။ ဒါပေမဲ့ ဒီအနေအထားကပဲ အသင်းလိုက်ယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်မလား စောင့်ကြည့်ရမယ်။ မန်ယူအသင်းက မန်ချက်စတာဒါဘီမှာ အနိုင်ကစားထားလို့ ယုံကြည့်ချက်မြင့်နေပေမဲ့ တိုက်စစ်ကစားသမားတွေ Open Play ကနေ ဂိုးမသွင်းနိုင်တာက စိုးရိမ်စရာပါ။ အေစီမီလန်တိုက်စစ်ပိုင်းမှာ ဝါရင့်တိုက်စစ်မှူးတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်၊ မန်ဇူကစ်တို့ ဒဏ်ရာရနေလို့ လီယာအိုနဲ့ပဲ ပွဲထွက်လာဖို့ရှိတယ်။ အေစီမီလန်ရဲ့အဓိကပြဿနာက ချာဟာနိုဂလူး မကစားနိုင်တာဖြစ်ပြီး ဒီပွဲလည်း ပါဝင်ဖို့မသေချာလို့ မန်ယူအသင်းအတွက် အခွင့်အရေးကောင်းပါပဲ။ မန်ယူအသင်းပဲ အနိုင်ရဖို့များတယ်။

အေဂျက်စ် နှင့် ယန်းဘွိုင်းစ် (၁၂-၃-၂၀၂၁ နံနက် ၀၀:၂၅ နာရီ)
ယန်းဘွိုင်းစ်က ဂျာမန်ထိပ်သီးကလပ် လေဗာကူဆင်ကို နှစ်ကျော့စလုံး အနိုင်ကစားပြီး ကျော်ဖြတ်လာတဲ့အသင်းပါ။ ဒါပေမဲ့ အေဂျက်စ်က အစဉ်အလာကြီးမားတဲ့အသင်းဖြစ်ပြီး ဥရောပပြိုင်ပွဲတွေအပေါ် အာရုံစိုက်မှုမှာလည်း လေဗာကူဆင် ထက်သာပါတယ်။ အိမ်ကွင်းမှာ အေဂျက်စ်အသင်း အနိုင်ကစားမှာပါ။

myan789

ဒိုင်နမိုကိဗ် နှင့် ဗီလာရီးယဲလ် (၁၂-၃-၂၀၂၁ နံနက် ၀၀:၂၅ နာရီ)
ဗီလာရီးယဲလ်အသင်းက ဆာလ်ဇ်ဘာ့ဂ်ကို နှစ်ကျော့စလုံးအနိုင်ကစားကာ ကျော်ဖြတ်လာတဲ့အသင်းပါ။ ယူရိုပါလိဂ်ပွဲတွေမှာ အဝေးကွင်းရလဒ်လည်း ကောင်းမွန်နေပြီး နောက်ဆုံး (၁၀)ပွဲမှာ တစ်နိုင်ငံတည်းကလပ် ဗလင်စီယာကိုသာ အရေးနိမ့်ခဲ့ပါတယ်။ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်က ဆောင်းရာသီနားရက်ရပြီးတဲ့နောက်ပိုင်း ပြန်ကစားတဲ့ပွဲတွေမှာ ရှုံးပွဲလုံးဝမရှိသေးတာ သတိပြုရမယ်။ သရေမျှော်လင့်ချက်ရှိတဲ့ အိမ်ရှင်ကိုပဲ ရွေးချယ်ချင်တယ်။

ဆလားဗီးယားပရပ်ဂ် နှင့် ရိန်းဂျားစ် (၁၂-၃-၂၀၂၁ နံနက် ၀၀:၂၅ နာရီ)
လီဗာပူးလ်ဂန္ထဝင် ဂျရတ်ကိုင်တွယ်နေတဲ့ ရိန်းဂျားစ်အသင်းက ဒီရာသီ လိဂ်ဖလားမှာ အရေးနိမ့်ခဲ့တာကလွဲလို့ ပြိုင်ပွဲစုံ ရှုံးပွဲမရှိခဲ့ဘူး။ ဆလားဗီးယားပရပ်ဂ်ကလည်း လက်စတာလို အသင်းကို ကျော်ဖြတ်လာတဲ့အသင်းဖြစ်လို့ သတိတော့ထားစရာပါ။ ချက်ကလပ်တွေ အိမ်ကွင်းမာပေမဲ့ ရိန်းဂျားစ်အသင်း သရေတော့မျှော်လင့်ခွင့်ရှိတယ်။

ဂရန်နာဒါ နှင့် မိုလ်ဒီ (၁၂-၃-၂၀၂၁ နံနက် ၂:၃၀ နာရီ)
ဂျာမန်မြေမှာ ဟော်ဖန်ဟင်မ်ကို အနိုင်ကစားပြီး အခုအဆင့်ကိုတက်ရောက်လာတဲ့ မိုလ်ဒီအသင်းရဲ့ခြေစွမ်းကို အသိအမှတ်ပြုရမယ်။ ဒါပေမဲ့ ဂရန်နာဒါအသင်းက ယူရိုပါလိဂ်ပြိုင်ပွဲကို အာရုံစိုက်ကစားနေတဲ့အသင်းဖြစ်သလို၊ လာလီဂါမှာလည်း ဇယားအလယ်မှာ ရပ်တည်နေလို့ ဖိအားမရှိတာက ဥရောပဘက်ကို ရွက်ကုန်ဖွင့်နိုင်တဲ့ အနေအထားပါပဲ။ ကစားသမားပိုင်းကလည်း ဒီနှစ်သင်းကြားမှာ ကွာဟချက်ရှိနေတယ်။ ဂရန်နာဒါဘက်ကပဲ ရပ်တည်သင့်တယ်။

စပါး နှင့် ဒိုင်နမိုဇာဂရက် (၁၂-၃-၂၀၂၁ နံနက် ၂:၃၀ နာရီ)
စပါးနည်းပြ မော်ရင်ဟိုအတွက် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ယူရိုပါလိဂ်လမ်းကြောင်းကလည်း ဖြစ်နိုင်ခြေရှိလို့ အလေးထားယှဉ်ပြိုင်နေတာတွေ့ရတယ်။ အခုပွဲမှာ ပြီးခဲ့တဲ့အဆင့်တွေကထက် ပိုမိုအင်အားတောင့်တဲ့ လူစာရင်းကို မော်ရင်ဟို ပွဲထုတ်မှာ သေချာသလောက်ပဲ။ ဒိုင်နမိုဇာဂရက်ကလည်း ပြိုင်ပွဲစုံနိုင်ပွဲဆက်နေတဲ့အသင်းပါ။ လန်ဒန်မြေဖြစ်လို့ စပါးကိုပဲရွေးချယ်တာ ပိုကောင်းမယ်။

ရိုးမား နှင့် ရှက်တာဒိုးနက် (၁၂-၃-၂၀၂၁ နံနက် ၂:၃၀ နာရီ)
ရှက်တာဒိုးနက်အသင်းက ဥရောပပြိုင်ပွဲတွေမှာ လျှော့တွက်လို့မရတဲ့အသင်းဖြစ်ပေမဲ့ အရှိန်အဝါက အတော်လေး လျော့ကျနေတယ်။ ယူကရိန်းလိဂ်မှာလည်း အရင်လို လွှမ်းမိုးထားနိုင်တဲ့အနေအထားမဟုတ်တော့ဘဲ ဒိုင်နမိုကိဗ်ရဲ့နောက်တောင်ရောက်နေပါတယ်။ ရိုးမားကလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ သိပ်ယုံစားလို့မရတဲ့အသင်းမျိုးပါ။ ဒါပေမဲ့ ရိုးမားနည်းပြ ဖွန်ဆီကာအနေနဲ့ အသင်းဟောင်းကို အနိုင်ကစားဖို့တော့များတယ်။

အိုလံပီယာကော့စ် နှင့် အာဆင်နယ် (၁၂-၃-၂၀၂၁ နံနက် ၂:၃၀ နာရီ)
အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီမကျေပွဲ ပြန်လည်ကစားရတာပါ။ အိုလံပီယာကော့စ်က အာဆင်နယ်ကို ပြိုင်ပွဲက ထွက်သွားစေတဲ့အပြင် COVID-19 ဝေဒနာတွေပါ ပေးခဲ့တာလည်းဖြစ်တယ်။ လက်ရှိမှာ အိုလံပီယာကော့စ်က ရလဒ်ပိုင်းကျနေသလို အနေအထားဖြစ်ပေမဲ့ ပြည်တွင်းလိဂ်မှာ အမှတ်ဖြတ်ထားနိုင်တာက ယူရိုပါလိဂ်ဘက်ကို အပြည့်အဝအားထည့်ကစားဖို့ အခွင့်အရေးရှိနေတယ်။ အာဆင်နယ်အသင်း ပြီးခဲ့တဲ့ရာသီတုန်းက ဂရိမြေမှာ အနိုင်ကစားခဲ့ပေမဲ့ လက်ရှိခြေစွမ်းကတော့ သိပ်ယုံကြည်လို့မရသေးပါဘူး။ အိမ်ရှင်ကလပ်နဲ့ စွန့်စားတာ ပိုကောင်းမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular