မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အီဒင်ဆန် ကာဗာနီဟာ ဗီလာ ရီးယဲ အသင်း နဲ့ ယှဥ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဖိုင်နယ် ပွဲစဥ် မတိုင်မီ ပြိုင်ဖက် အသင်းရဲ့ နည်းပြ ဖြစ်သူ အူနိုင်း အမ်မရီကို ချီးမွမ်းသွားခဲ့လိုက် ပါတယ် ။
ကာဗာနီဟာ PSG အသင်းမှာ ကစားခဲ့စဥ်တုန်းက အမ်မရီ လက်အောက်မှာ အတူ တွဲဖက် အလုပ်လုပ်ခဲ့သူပဲ ဖြစ်ပါတယ် ။ အခြား တစ်ဖက်မှာတော့ အမ်မရီဟာ ဆီဗီလာ အသင်းကို ကိုင်တွယ်ခဲ့စဥ်တုန်းက ယူရိုပါလိဂ် ဖလားကို သုံးကြိမ်ထိ ဆွတ်ခူးခဲ့သူပဲ ဖြစ်ပါတယ် ။
” ပဲရစ်ကို အူနိုင်း စတင်ရောက်ရှိတဲ့ အချိန်က စတင်ပြီး ဘောလုံးအပေါ် ဘယ်လောက်ထိ စိတ်အားထက်သန်မှု ရှိသလဲဆိုတာ ပြသခဲ့ပါတယ် ။ ကျွန်တော်က သူ့ရဲ့ အလုပ် လုပ်ပုံကို နှစ်သက်ပါတယ် ။ သူဟာ ယူရိုပါလိဂ် ဖိုင်နယ် အတွက် အလုပ်တွေ အများကြီးလုပ် ၊ ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ်ဆောင်မယ့် နည်းပြမျိုး ပါပဲ ”
” သူဟာ ပွဲစဥ် မတိုင်ခင် ကတည်းက ခွဲခြမ်းစိတ်ဖြာမှုတွေ အများကြီး ကြိုတင် လုပ်ထားမယ့်သူဖြစ်တယ်ဆိုတာ သေချာလှပါတယ် ။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဒီလို ပွဲစဥ်ကို သေးငယ်တဲ့ အချက်တွေက အဆုံးအဖြတ် ပေးပါတယ် ။ အဲ့တာတွေ အပေါ် အာရုံ စူးစိုက်ဖို့ လိုအပ်ပါတယ် ”
” ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ ပွဲစဥ်တစ်ပွဲကို ကစားရမှာပါ ။ အူနိုင်းက အဲ့ဒီလို ဖြစ်အောင်လုပ်မယ့် နည်းပြမျိုးဆိုတာ ကျွန်တော်သိပါတယ် ။ သူက အလုပ် ကြိုးစားလွန်းတဲ့ နည်းပြ တစ်ယောက်ပါ ။ အဲ့တာကြောင့်လည်း သူက ဆုဖလားတွေ အများကြီးကို ဆွတ်ခူးထားနိုင်ခဲ့တာလေ ” လို့ ကာဗာနီက ချီးကျူးရင်း ပရိသတ်တွေ ရှေ့မှောက်မှာ ဖိုင်နယ် ကစားရမယ့် အပေါ်…
” ဘောလုံးဆိုရာမှာ ဒါကို ဖြစ်အောင်လုပ်တဲ့သူတွေက အဓိက ကျတယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ် ။ သူတို့ရဲ့ ချစ်ဇောအဟုန် အပြည့်နဲ့ ခုံတန်းပေါ်က အားပေးမှုတွေကို ကျွန်တော်တို့ ခံစားသိရှိ နိုင်ကြပါတယ် ။ သူတို့တွေဟာ မိနစ် 90 လုံး စိတ်အား ထက်သန်မှု အပြည့်နဲ့ အားပေးနေသူတွေပါပဲ ”
” ကျွန်တော်တို့ဟာ ကစားသမားနဲ့ ပရိသတ်တွေ အကြား ချိတ်ဆက်မှုတွေကို သိရှိခံစားနိုင်ကြပါတယ် ။ ပရိသတ်တွေ မပါဝင်နိုင်ခဲ့ကြတဲ့ လစဥ်တွေက တစ်ကယ်ပဲ ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ် ။ သူတို့မရှိခြင်းက ဘောလုံးရဲ့ရသကို ဆုံးရှုံးစေခဲ့ပါတယ် ။ အခုလို ပရိသတ်တွေ နည်းနည်း ချင်းစီ ကွင်းထဲ ဝင်ရောက်လာခြင်းက အကူအညီတွေ ဖြစ်စေနိုင်မယ်လို့ ကျွန်တော်ယုံပါတယ် ”
” မန်ချက်စတာ ယူနိုက်တက်လို ကြီးကျယ်ခမ်းနားတဲ့ ပရိသတ် အင်အားထုကြီးကို ပိုင်ဆိုင်ထားတဲ့ အသင်းမျိုးအတွက် ဒါက ပိုပြီး အထောက်အကူ ဖြစ်စေနိုင်မှာပါ ။ အရာရာတိုင်း ပုံမှန်အတိုင်း ပြန်လည် ဖြစ်လာနိုင်ဖို့ မျှော်လင့်နေတယ်ဗျာ ” လို့ ကာဗာနီ က အဆုံးသတ် ပြောကြား သွားခဲ့လိုက် ပါတယ် ။ ရ