စပါးတပ်မော်စကို – လက်စတာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် ည ၉:၀၀ နာရီ)
နောက်ဆုံးပွဲမှာ မန်ယူအသင်းကို အနိုင်ကစားခဲ့တာက လက်စတာအသင်းအတွက် အပြောင်းအလဲတစ်ခုဖြစ်လာမလား စောင့်ကြည့်ရမယ်။ အခုပွဲက နောက်တစ်ဆင့်တက်ရေး အလွန်အရေးပါနေပေမဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ ပွဲထွက်စာရင်းမှာ အပြောင်းအလဲတွေလုပ်ဦးမှာ သေချာပါတယ်။ ပြီးခဲ့တဲ့အုပ်စုပွဲ(၂)ပွဲမှာတော့ လက်စတာက ယူရိုပါလိဂ်ပြိုင်ပွဲကို သိပ်အလေးမထားတဲ့ပုံစံ ကစားခဲ့တာကိုတော့ သတိပြုရမယ်။ စပါးတပ်မော်စကိုက ပြီးခဲ့တဲ့ပွဲမှာ နာပိုလီအသင်းကို အဝေးကွင်းမှာ အနိုင်ကစားပြီး ဒီရာသီပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်စေခဲ့တဲ့အသင်းပါ။ အသင်းမှာ နာမည်ကြီးကစားသမားဆိုလို့ ချယ်လ်ဆီးကစားသမားဟောင်း မိုဆက်စ်တစ်ဦးသာ ပါဝင်ပေမဲ့ သိပ်တော့လျှော့တွက်လို့မရဘူး။ စပါးတပ်မော်စကိုနဲ့ပဲ စွန့်စားတာ ပိုကောင်းမယ်။