spot_img

ယူရိုပါလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ဗီလာရီးယဲလ် – မန်ယူ

ဒီရာသီလာလီဂါမှာတော့ မက်ဆီ၊ ဘန်ဇီမာနဲ့ ဆွာရက်ဇ်တို့ လို ကမ္ဘာကျော် ကစားသမားတွေကလွဲရင် ဗီလာရီးယဲလ်တိုက် စစ်မှူး ဂျရတ်မော်ရီနိုက Impactful အဖြစ်ဆုံးကစားသမားလို့ ပြောရမယ်။ သူက ဂိုးတွေသွင်းတယ်၊ ဖန်တီးမှုတွေလုပ်တယ်၊ အလိမ်အခေါက်ကျွမ်းကျင်တယ်၊ ဘောလုံးကိုင်ထားပြီး အသင်း ဖော်တွေလိုက်တက်လာတာကို စောင့်ကစားနိုင်သလို၊ သူကိုယ် တိုင်လည်း ဘောလုံးနဲ့အတူ လှုပ်ရှားနိုင်တဲ့ ကစားသမားဖြစ် တယ်။ မန်ယူအသင်းအတွက် စိုးရိမ်စရာကောင်းတဲ့ ကစားသ မားဆိုရင် မော်ရီနိုလို့ပဲ ပြောရမယ်။ အူနိုင်းအမ်မရီက ဗီလာရီး ယဲလ်အသင်းကို တကယ်မာကျောပြီး၊ ကောင်းမွန်တဲ့အသင်း တစ်သင်းအဖြစ် တည်ဆောက်ထားတယ်ဆိုရင် ဒီအသင်းကို ဦး ဆောင်နေပြီး အမ်မရီရဲ့ မျှော်လင့်ချက်တွေကို အကောင်အ ထည်ဖော်ပေးနေတဲ့ ကစားသမားလို့လည်း ဆိုနိုင်တယ်။

myan789

မော်ရီနိုရဲ့ တိုက်စစ်တွဲဖက် အယ်လ်ကာဆာက ပထမရာ သီဝက်တုန်းက ခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီအဖွင့် (၁၁)ပွဲမှာ သွင်း ဂိုးနဲ့ ဖန်တီးမှု စုစုပေါင်း (၁၁)ကြိမ်အထိ ရှိခဲ့တယ်။ ဒုတိယရာ သီဝက်မှာတော့ အယ်လ်ကာဆာရဲ့ Final Product က သိသိ သာသာ ကျဆင်းသွားပြီး နောက်ဆုံး (၁၅)ပွဲမှာ သွင်းဂိုးနဲ့ ဖန်တီး မှု စုစုပေါင်း (၃)ကြိမ်အထိ ကျဆင်းသွားခဲ့တယ်။ ဒါကြောင့် မန် ယူခံစစ်ကစားသမားတွေအတွက် အဓိက စောင့်ကြည့်ရမယ့် ကစားသမားက ဂျရတ်မော်ရီနိုပဲ ဖြစ်လိမ့်မယ်။ အယ်လ်ကာဆာ က တစ်ချက်ကောင်းနဲ့ ကံကြမ္မာကောင်းရသွားလို့ ဂိုးရသွားနိုင် ခြေရှိတာကလွဲရင် ကြောက်စရာသိပ်မရှိဘူးလို့ ပြောနိုင်တယ်။

ဗီလာရီးယဲလ်ရဲ့ Passing Circuit မှာ အရေးအကြီးဆုံး ကစားသမား နှစ်ဦးကတော့ ပါအူတောရက်စ်နဲ့ ဒန်နီပယ်ရေ ဟိုတို့ ဖြစ်ပြီး ဗီလာရီးယဲလ်ရဲ့ Passing Game အတွက်ရော၊ သူတို့ Pressing အလုပ်ခံနေရတဲ့အချိန်မှာ Press Break လုပ် တာ ရောအတွက် အဓိက ကစားသမားတွေဖြစ်နေတယ်။ နှစ်ဦး စလုံးက ခံစစ်၊ တိုက်စစ် စွယ်စုံရတဲ့ စွမ်းရည်ရှိပြီး၊ ဘရူနို-ပေါ့ဘာ တို့ကို ယှဉ်ကစားနိုင်စွမ်းရှိသူတွေလည်းဖြစ်တယ်။

မန်ယူကတော့ တိုက်စစ်မှာ Space တွေကို ဖန်တီးပြီး အရှိန်နဲ့ တိုးဝင်ကစားတတ်တဲ့အသင်းမျိုးဖြစ်တယ်။ ဒီအတွက် Long Diagonal Pass တွေက အရေးကြီးပြီး၊ ပေါ့ဘာနဲ့ ဘရူ နိုဖာနန်ဒက်စ်တို့က တောင်ပံက Space တွေထဲကို ဘောလုံး ခင်းပေးနိုင်သူတွေဖြစ်တယ်။ နှစ်ဦးစလုံးရဲ့ အားသာချက်က ပြိုင်ဘက်ဂိုးစည်းထိပ်ကနေ ဂိုးတွေသွင်းယူနိုင်ခြင်းဖြစ်ပြီး တိုက် စစ်ကို ပိုလိုက်ပါခွင့်ရတဲ့ ဘရူနိုက တိုက်စစ်ပိုင်းချိတ်ဆက်မှုကို ဦးစားပေးကစားတယ်။ ပေါ့ဘာကတော့ All Round ဆန်ဆန် ကစားပြီး ခံစစ်ကိုပါ လိုက်ကူပေးတယ်။ ဒါပေမဲ့ အခွင့်အရေးရ ခဲ့ရင် အဝေးကန်ချက်တွေနဲ့ အဆုံးသတ်နိုင်သူတွေဖြစ်တယ်။

မန်ယူအသင်းရဲ့ အားသာချက်တွေထဲမှာ အချိန်မရွေး ပယ်နယ်တီရသွားနိုင်တာကိုလည်း ထည့်စဉ်းစားရတယ်။ ပယ် နယ်တီတွေ ရတဲ့ အဓိကအကြောင်းအရင်းခံဖြစ်တဲ့ တစ်ဦးချင်း စွမ်းရည်နဲ့ အမြန်နှုန်းက ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်တို့ဆီမှာ ရှိနေပြီး သူတို့ရဲ့ လှုပ်ရှားမှုကို ရပ်တန့်ဖို့ ကြိုးစားတဲ့အခါ ပြိုင်ဘက်ကစား သမားတွေရဲ့ Timing အလွဲတွေက ပယ်နယ်တီဖြစ်စေတာ ဖြစ်တယ်။ ဒီပွဲမှာ မာစီယဲလ် မကစားနိုင်ရင်တောင် ရပ်ရှ်ဖို့ဒ်ကို ဗီလာရီးယဲလ်ခံစစ်စည်းထဲ များများဝင်နိုင်အောင် ကူညီ၊ တည် ဆောက်ပေးနိုင်ရင် ဗီလာရီးယဲလ်ခံစစ်အတွက် စိုးရိမ်စရာဖြစ် တယ်။ ပုံမှန်အားဖြင့်တော့ ဗီလာရီးယဲလ်က Space တွေကို ကျပ်အောင် လုပ်ရမှာဖြစ်ပြီး၊ မဖြစ်မနေလုပ်ဖို့လည်း လိုတယ်။ အမြန်နှုန်းချင်းယှဉ်ရင် မန်ယူတိုက်စစ်ကစားသမားတွေကို ဗီ လာရီးယဲလ်ခံစစ်ကစားသမားတွေ လိုက်နိုင်ဖို့ ခက်ပါတယ်။

ဗီလာရီးယဲလ်က ဒီရာသီ ယူရိုပါလိဂ်ရဲ့ တိုက်စစ်အ ကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်သလို၊ ခံစစ်ပိုင်းက လည်း Clean Sheet တွေ ယူနိုင်ခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ မန်ယူအသင်းရဲ့ Rhythm ကလည်း ကြောက်စရာကောင်းပြီး ပွဲအဖြေ ပြောင်းနိုင်တဲ့ ကစားသမားတွေအများကြီး ပါဝင်နေ တာက အားသာချက်ဖြစ်တယ်။ မန်ယူက ပိုအားသာနေတဲ့အ သင်းဆိုတာ သေချာပြီး မိနစ် (၉၀)အတွင်း ကပ်နိုင်သွားနိုင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular