ဂရန်နာဒါ နှင့် မန်ယူ (၉-၄-၂၀၂၁ နံနက် ၁:၃၀ နာရီ)
ဂရန်နာဒါအသင်းက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရတဲ့ ဥရောပပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်လာတာက ချီးကျူးစရာကောင်းပါတယ်။ ဒါပေမဲ့ ကွာတားအဆင့်မှာ ဆုံတွေ့နေတဲ့ ပြိုင်ဘက်အသင်းက ဒီပြိုင်ပွဲရဲ့ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး မန်ယူအသင်းဖြစ်ပြီး သမိုင်းကြောင်းအစဉ်အလာမှာလည်း အတော်လေးကွာဟချက်များပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ အသင်းကိုကိုင်တွယ်တဲ့ (၂)နှစ်ခွဲကာလ အတွင်းမှာ ဆုဖလားအောင်မြင်မှုမရှိလို့ ဝေဖန်ခံနေရတာကို အဆုံးသတ်ဖို့လိုတဲ့အပြင် ယူရိုပါလိဂ်ဖလားက ဒီရာသီမှာ သူ့အတွက် နောက်ဆုံးဖလားမျှော်လင့်ချက်ဖြစ်နေလို့ ပိုပြီးအားထည့်လိမ့်မယ်။ အစောပိုင်းယူရိုပါလိဂ်ပွဲတွေမှာ မန်ယူ အသင်းပွဲထွက်စာရင်းကို အပြောင်းအလဲတချို့လုပ်ခဲ့ပေမဲ့ ဆိုးလ်ရှားအနေနဲ့ အခုပွဲမှာ အင်အားပြည့်ထုတ်သုံးကစားဖို့ ရှိပါတယ်။ မန်ယူအသင်း စပိန်မြေမှာ ရုန်းကန်ရတတ်ပေမဲ့ ဒီပွဲတော့ အနိုင်ကစားဖို့များတယ်။
- မန်ယူအသင်းသည် ယူရိုပါလိဂ်နောက်ဆုံး(၂၇)ပွဲတွင် (၂၅)ပွဲကို ရှုံးပွဲမရှိ ကစားထားခဲ့ပြီး နောက်ဆုံး(၃)ပွဲ၌လည်း နှစ်သင်းပေါင်းသွင်းဂိုး (၂.၅)ဂိုး အထက်တွင်ရှိသည်။
အေဂျက်စ် နှင့် ရိုးမား (၉-၄-၂၀၂၁ နံနက် ၁:၃၀ နာရီ)
အခုရာသီ ဥရောပပြိုင်ပွဲ(၂)ရပ်မှာ အီတလီကလပ်အသင်းတွေထဲက တစ်သင်းတည်းကျန်ရှိတဲ့ ရိုးမားအသင်းအနေနဲ့ ယူရိုပါလိဂ်ဘက်ကို ပိုမိုစိတ်နှစ်ကစားနေတာ သိသာပါတယ်။ တစ်ဖက်မှာ စီးရီးအေကလည်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့ လုံးဝမလွယ်တော့တဲ့အပြင် ယူရိုပါလိဂ်သာလာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်မှန်းလို့ရနေတာက ရိုးမားအသင်းအတွက် တွန်းအားပေးသလို ဖြစ်နေတာတော့အမှန်ပါပဲ။ အေဂျက်စ်အသင်းက ပြည်တွင်းမှာ ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ သေချာသလောက်ဖြစ်နေလို့ အာရုံများစရာ မရှိပါဘူး။ ဒါပေမဲ့ အေဂျက်စ်ရဲ့ကစားသမားအင်အားက ပြီးခဲ့တဲ့နှစ်တွေလောက် စုဖွဲ့မှုမကောင်းတော့တာ ထည့်တွက်ရမယ်။ အေဂျက်စ်တိုက်စစ်ကို တာဒစ်၊ နေရိစ်တို့ပဲ ဦးဆောင် ကစားနေဆဲဖြစ်ပေမဲ့ အရှိန်အဝါကတော့ အတော်လေးကျဆင်းသွားတာ ထည့်တွက်ရမယ်။ အခုပွဲကစားရမှာက နယ်သာလန်မြေဖြစ်ပေမဲ့ ရိုးမားအသင်း မရှုံးအောင်တော့ ကစားသွားနိုင်တယ်။
- အေဂျက်စ်အသင်းသည် ယူရိုပါလိဂ်နောက်ဆုံး (၅)ပွဲဆက်တိုက် အနိုင်ကစားထာပြီး ယင်း(၅)ပွဲ၌လည်း ပွဲတိုင်းကို အနည်းဆုံး(၂)ဂိုးစီ သွင်းယူထားခဲ့သည်။
အာဆင်နယ် နှင့် ဆလားဗီးယား (၉-၄-၂၀၂၁ နံနက် ၁:၃၀ နာရီ)
ဆလားဗီးယားပရပ်ဂ်အသင်းက ပြည်တွင်းရော ဥရောပမှာပါ အတော်လေးဟန်ချက်ညီနေတယ်။ ဒါ့အပြင် ဆလားဗီးယားက ရှုံးထွက်အဆင့်မှာ လက်စတာ၊ ရိန်းဂျားစ်တို့လို ဗြိတိန် ကလပ်အသင်းတွေကို ဖြုတ်ချခဲ့တာဖြစ်လို့ အာဆင်နယ်အသင်း အတော်လေးသတိထားကစားရမယ့် အခြေအနေပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေလို့ အာဆင်နယ် အမှားမခံဘဲ အနိုင်ကစားမှာသေချာပါတယ်။
- ၂၀၀၇-၀၈ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် ယင်းအသင်းနှစ်သင်း ဆုံတွေ့ဖူးပြီး အာဆင်နယ်အသင်းက အိမ်ကွင်းတွင် (၇-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ ချက်မြေ၌မူ ဂိုးမရှိသရေကျခဲ့သည်။
ဒိုင်နမိုဇာဂရက် နှင့် ဗီလာရီးယဲလ် (၉-၄-၂၀၂၁ နံနက် ၁:၃၀ နာရီ)
စပါးအသင်းကို လန်ဒန်မြေမှာ အနိုင်ယူကျော်ဖြတ်လာတဲ့ ဒိုင်နမိုဇာဂရက်ရဲ့ခြေစွမ်းကတော့ လျှော့တွက်လို့မရပါဘူး။ ဗီလာရီးယဲလ်အသင်းက ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက် အနိုင်ကစားထားပြီး လက်ရှိအနေအထားမှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်သာ အဓိကမျှော်လင့်ချက်ဖြစ်နေတာပါ။ ဒီရာသီ ယူရိုပါလိဂ်အဝေးကွင်းပွဲတွေမှာ ရလဒ်ကောင်းနေတဲ့ ဗီလာရီးယဲလ်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။
- ဗီလာရီးယဲလ်အသင်းသည် နောက်ဆုံးကစားထားသည့် ယူရိုပါလိဂ် (၆)ပွဲဆက် အနိုင်ကစားထားပြီး ယင်းထဲမှ (၅)ပွဲကို Clean Sheet ရလဒ်ဖြင့် အနိုင်ယူခဲ့သည်။