spot_img

ယူနိုက်တက် ဟာ ချန်ပီယံဆု ကို စိန်ခေါ်နိုင်တဲ့ အသင်းမျိုး နဲ့ မတူသေးဘူးလို့ ဆိုလိုက်တဲ့ နဗီးလ်

ဆိုးရှား ရဲ့ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ လိဒ် ယူနိုက်တက် ကို ဂိုး ဒါဇင်ဝက် အထိသွင်းပြီး ၊ အမှတ်ပေးဇယား တတိယ နေရာ အထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ သူတို့ အသင်းဟာ ထိပ်ဆုံး က လီဗာပူး ထက် 1 ပွဲ လျှော့ ကစားထားပြီး အဲဒီ လက်ကျန်ပွဲစဉ်သာ အနိုင်ရခဲ့မယ် ဆိုပါက လီဗာပူး နဲ့ 2 မှတ်ကွာ အနေအထား ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ကတော့ နောက်ဆုံး ကစားခဲ့တဲ့ 7 ပွဲ မှာ 6 ပွဲ အထိ အနိုင်ယူပြထားတဲ့ အသင်းဟောင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုတောင် စိန်ခေါ်နိုင်စွမ်းတွေ ရှိနေပြီ ဖြစ်တယ်လို့ ချီးကျူး မှတ်ချက် ပေးခဲ့ပါတယ်။

myan789

သို့သော် အခြား ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ ဂယ်ရနဗီးလ် ကတော့ အဲဒီ အဆိုကို လက်မခံခဲ့ပဲ ၊ သူ့အသင်းဟာ ချန်ပီယံဆု အတွက် အသင့်မဖြစ်သေးဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

“ ယူနိုက်တက် ရဲ့ အနေအထား က အမှတ်ပေး ဇယားထိပ်ဆုံး နဲ့ နီးကပ်ကပ် ရပ်တည်နိုင်ဖို့ အတွက်ပဲလို့ ထင်ထားခဲ့တာပါ။ ဘယ်သူကမှ အခုလို နီးနီးကပ်ကပ် ဖြစ်သွားမယ်လို့ ထင်မှာ မဟုတ်ပါဘူး။

ဒီပုံစံအတိုင်း ဆက်ပြီး ထိန်းထားနိုင်မယ် ဆိုရင်တော့ သူတို့ဟာ အမှတ်ပေးဇယား ရဲ့ ဒုတိယ နေရာမှာ ရပ်တည်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ကျနော် ကတော့ ယူနိုက်တက်ဟာ ချန်ပီယံလောင်း ပုံစံမျိုး ကစားပြနိုင်ပြီလို့ မခံစားမိသေးပါဘူး။

အတိတ်ကို ပြန်ကြည့်လိုက်မယ် ဆိုရင် မန်နေဂျာ ရာထူး အပြောင်းအလဲလုပ်ဖို့ ပြောဆိုမှုတွေ ရှိခဲ့တယ် ၊ ချန်ပီယံလိဂ် ကနေ ထွက်ခွာလိုက်ရတယ်လေ။ အဲဒီအချိန်က ခြေစွမ်းက တော်တော်ကြီးကို ဆိုးဝါးလွန်းပါတယ်။

သူတို့ ပုံစံ ကြည့်ခဲ့ရတာ ဒီခြေမျိုး နဲ့ ချန်ပီယံ ဆုနဲ့တော့ လားလားမှ မနီးစပ်သေးဘူးလို့ ထင်ခဲ့ကြတာပါ။ ကျနော့်ရဲ့ အဲဒီ ခံစားချက်က မပြောင်းလဲသေးပါဘူး။ ယူနိုက်တက်ဟာ ချန်ပီယံ ဖြစ်မယ်လို့လဲ မထင်ဘူးဗျာ။

ဒါပေမယ့် ခရစ္စမတ် ကာလမှာ အခုလောက်အထိ တိုးတက်မှုတွေ ဖြစ်ပေါ်လာတဲ့ အပေါ်မှာတော့ တော်တော်လေးကို အံ့အားသင့်မိပါတယ်။

အသင်းရဲ့ လက်ရှိ ပုံစံက တကယ်ကောင်းပါတယ်။ ဂိုးတွေလဲ သွင်းတယ် ၊ Come Back ပွဲတွေလဲ တော်တော်များခဲ့ပါတယ်။ မနေ့ညက ပွဲ ခြေစွမ်းကတော့ အရမ်းကို ကောင်းခဲ့တာပါ။ ဘောက်ဆင်းဒေးမှာ ကစားမယ့် လက်စတာ နဲ့ ပွဲကတော့ ပွဲကြီးပွဲကောင်း ဖြစ်မှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ယူနိုက်တက်ဟာ လိဒ် ယူနိုက်တက် ဘက်ကို ဂိုးမိုး မရွာခင် အချိန်က အိမ်ကွင်း သွင်းဂိုး ဟာ 3 ဂိုးပဲ ရှိခဲ့သလို ၊ ဒီရာသီ အိမ်ကွင်း နိုင်ပွဲ ကလဲ အခုမှ 2 ပွဲပဲ ရရှိသေးတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂယ်ရီ နဗီးလ် က “ လိဒ် နဲ့ ပွဲက ခြေစွမ်းဟာ ကျနော်တို့ မြင်ချင်တဲ့ အတိုင်း မြင်ခဲ့ရတာပါ။ ကျနော်ဖြင့် တော်တော်လေးကို စိတ်တွေ လှုပ်ရှားမိခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ လိဒ်ဟာ ယူနိုက်တက် အတွက် ပြိုင်ဘက်ကောင်းတော့ ဖြစ်မှာပဲလို့ တွေးထားခဲ့တာလေ။

ပြီးတော့ ယူနိုက်တက်မှာ ရှိနေတဲ့ ကစားသမား စုဖွဲ့မှု အရတော့ လိဒ် လို အသင်းမျိုးကို တန်ပြန် တိုက်စစ်ကနေ ဒုက္ခပေးဖို့ မလွယ်ဘူးလို့ ထင်ထားခဲ့တာပါ။

အခုတော့ တန်ပြန် တိုက်စစ်တင် မဟုတ်ဘူးဗျာ ၊ တစ်ယောက်ချင်း တွေ့တဲ့ အနေအထားတွေ မှာကို ကောင်းခဲ့တာပါ။ မာရှယ် ၊ ရပ်ရှ်ဖို့ဒ် ၊ ဂရင်းဝုဒ် ၊ ဖာနန်ဒက် ၊ သူတို့ အားလုံးဟာ အမြဲတမ်းကို အခွင့်အရေးတွေ ဖန်တီးပြနိုင်ခဲ့တာပါ။ အစောပိုင်း မီးနစ်တွေမှာ တော်မီနေး ရဲ့ အစွမ်းပြပုံကတော့ လုံး၀ ရှယ်ပါပဲ။

သူ့ ပုံစံဟာ စခိုး တို့ ၊ ရိုင်းကိန်း တို့ ဝင်ပူးနေသလို ပါပဲ။ ပွဲအစပိုင်း မှာ ကတည်းက ဘောလုံးကို အလျှင်အမြန် ရွေ့လျားတယ် ၊ ရှေ့ပို့တယ် ၊ ဂိုးတွေရအောင် သွင်းပြတယ်။ လိဒ်ယူနိုက်တက် လို အသင်းမျိုးကို အခွင့်အရေး ပေးလို့ လုံး၀ မဖြစ်ဖူး ဆိုတဲ့ အသိမျိုး နဲ့ ကစားနေသလိုပါပဲ” လို့ သုံးသပ်သွားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular