spot_img

ယူနိုက်တက် လူငယ်လေးတွေကို ချီးကျုးစကားဆိုခဲ့တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် ဟာ မနေ့ညတုန်းက ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် နဲ့ ခြေစမ်းပွဲက အသင်းရဲ့ လူငယ် ကစားသမားလေးတွေ အပေါ် ချီးကျုး ပြောဆိုမှု ပြုလုပ်သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ နော်ေ၀ နိုင်ငံမှာ လိဒ် နဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး အီမာရန် ၊ ဟျူဂီး တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေ နဲ့ အနိုင်ရရှိ ခဲ့ပါတယ် ။

myan789

နည်းပြ တန်ဟတ် ဟာ ပထမပိုင်းမှာ ကစားသမားသစ် မေဆင်မောင့် အပါအဝင် မာတီနက် ၊ ဗာရန်း ၊ ဘစ်ဆာကာ ၊ ဆန်ချို တို့ကို လူငယ်တွေနဲ့အတူ ပွဲထွက် စေခဲ့ပြီး ဒုတိယပိုင်းမှာတော့ လူငယ် ကစားသမား ၁၁ ယောက်ကို ၄၅ မိနစ်ပြည့်အောင် ကစားစေခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပထမပိုင်းမှာ ကတည်းက လိဒ် ဘက်ကို ဖိ ကစားပြီး အခွင့်အရေးအချို့ ရရှိခဲ့ ပေမယ့် ဟန်နီဘယ် ၊ မေဆင်မောင့် တို့က ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး ။ ဆန်းဒါးလန်း မှာ အငှားထွက် ကစားပြီး ပုံစံကောင်း ပြခဲ့တဲ့ အာမက် ဒီရယ်လို ထရာအိုရေး ဟာလည်း အခွင့်အရေးများစွာ ရရှိခဲ့ ပေမယ့် ကန်ချက်တွေ ဂိုးပေါက် နဲ့ လွဲချော်ခဲ့ ပါတယ် ။ False 9 ပုံစံ ကစားခဲ့ရတဲ့ ဆန်ချို ကတော့ အားလုံးထဲမှာ အဆိုးဆုံး ဖြစ်ခဲ့တာပါ ။

ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေကတော့ လူငယ်လေးတွေ ရဲ့ ခြေစွမ်းတွေကြောင့် ပျော်ရွှင်ကျေနပ် ခဲ့ရပါတယ် ။ ပထမပိုင်းမှာ ကစားခဲ့တဲ့ ဘယ်နောက်ခံလူ ဖာနန်ဒက်ဇ် ၊ ကွင်းလယ်လူ မိုင်နူး တို့အပြင် ဒုတိယပိုင်းမှာ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးခဲ့တဲ့ အီမာရန် ၊ တိုက်စစ်မှူးလေး ဟျူဂီး ၊ ချက် ဂိုးသမားလေး ကိုဗာ တို့ ရဲ့ စွမ်းဆောင်ရည်တွေ ဟာ ပရိသတ်တွေ အကြားမှာ အမှတ်တရ ဖြစ်စေခဲ့ပါတယ် ။

“မနှစ်တုန်းက ဂါနာချို ကို ကျွန်တော်တို့ ရလိုက်တယ် ၊ အခုလည်း အနည်းဆုံး တယောက်လောက်တော့ အဖွဲ့ ( စီနီယာ အသင်းကြီး ) ထဲကို ရောက်လာပြီး ပွဲထွက် ကစားခွင့်အတွက် တိုက်ပွဲဝင်နိုင်မယ်လို့ မျှော်လင့် ပါတယ် ။

အခုအချိန်က သူတို့လေးတွေရဲ့ အချိန်ပါ ။ အပြောင်းအရွှေ့တွေနဲ့ အသင်းကို ပိုအားကောင်းအောင် လုပ်ဖို့ လိုအပ်သလို အကယ်ဒမီက လူငယ်လေးတွေ ကိုလည်း တိုးတက်အောင် လုပ်ပေးဖို့ လိုပါတယ်” လို့ နည်းပြကြီး တန်ဟတ် က MUTV ကို ပြောဆိုသွားခဲ့ ပါတယ် ။

ဆက်လက်ပြီး “ပထမ အသင်းကြီးနဲ့ ဒီလိုမျိုး အခိုက်အတန့်ကို ပိုင်ဆိုင်ခွင့် ရတာဟာ သူတို့လေးတွေ အတွက် တကယ်ကို ကောင်းပါတယ် ။ ဒီလို ကွင်းကြီး ၊ ဒီလို ပရိသတ်မျိုးတွေရဲ့ ရှေ့မှာ ကစားခဲ့ရတာလည်း အမှတ်တရ ဖြစ်စေမှာပါ” လို့လည်း နည်းပြကြီး က ပြောဆိုခဲ့ ပါတယ် ။

ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် ပါဝင် ကစားခဲ့တဲ့ ပြင်သစ် ခံစစ်မှူး ရာဖေး ဗာရန်း ကလည်း “ကျွန်တော်တို့ က အမြဲတမ်း အနိုင်ရတာကိုပဲ လိုချင်ကြတာပါ ။ ဒီလူငယ်လေးတွေ တကယ်ကောင်းခဲ့ပါတယ် ၊ သူတို့ကို ဂုဏ်ပြုရမှာပါ” လို့ ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ စကော့တလန် ကို သွားရောက်ပြီး ပြင်သစ် ကလပ် လိုင်ယွန် နဲ့ ခြေစမ်း ကစားမှာ ဖြစ်ပါတယ် ။ အဲ့ဒိနောက်မှာတော့ အမေရိက ပြိုင်ပွဲကို ပါဝင်ဖို့ အတွက် အမေရိကန် နိုင်ငံကို ခရီးထွက်ခွာမှာ ဖြစ်တယ်လို့ သိရှိရပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular