spot_img

ယူနိုက်တက် ပရိသတ်တွေကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့တဲ့ လီဗာပူး အသင်

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဟာ မနေ့ ညက လီဗာပူး အသင်းသားတွေ စီးနင်း လာတဲ့ ဘတ်စ်ကား ကို အိုးထရက်ဖိုဒ့် ကွင်းထဲ ၀င်ရောက်ဖို့ ကြန့်ကြာအောင် ကြိုးစား ခဲ့ကြပါတယ် ။ ပရိသတ်တွေဟာ အိမ်စီးကားတွေ နဲ့ လမ်းပိတ် ခဲ့ကြသလို ဘတ်စ်ကားဘီးတွေ ကိုလည်း လေလျော့ခဲ့ ကြတယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် သူတို့ တားဆီး ခဲ့တာဟာ လီဗာပူး အသင်းသား အစစ်တွေ ပါ၀င်တဲ့ ကား မဟုတ်ဘဲ အယောင်ပြ ထားတဲ့ ဘတ်စ်ကား ကို တိုက်ခိုက်ခဲ့ ကြတာလို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး တို့ ဟာ မေလ ၂ ရက်နေ့က ကစားဖို့ ရှိခဲ့ ပေမယ့် ယူနိုက်တက် ပရိသတ်တွေ အိုးထရက်ဖိုဒ့် ကွင်းရှေ့မှာ စုံပြုံ ဆန္ဒပြခဲ့မှု ကြောင့် ပွဲကို ရွှေ့ဆိုင်း ခဲ့ရ ပါတယ် ။ အသင်း ပိုင်ရှင် ဂလေဇာ မိသားစု ကို မလိုလားတဲ့ ယူနိုက်တက် ပရိသတ်တွေ ဟာ အသင်းရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းရပြီး ပိုင်ရှင်တွေ ကို အခက်တွေ့အောင် လုပ်ဆောင် ခဲ့ကြတာပဲ ဖြစ် ပါတယ် ။

myan789

အဆိုပါ ပွဲကို ယမန်နေ့ က ပြန်ကစားဖို့ စီစဉ် ခဲ့ရာမှာလည်း ယူနိုက်တက် ပရိသတ်တွေ ဟာ နောက်တစ်ကြိမ် ဆန္ဒပြဖို့ စီစဉ် ခဲ့ပါတယ် ။ သူတို့ဟာ အိုးထရက်ဖိုဒ့် ကွင်းရှေ့ ကို ရောက်လာ ခဲ့ကြပြီး ထူထပ်စွာ ချထားတဲ့ လုံခြုံရေးတွေ ရှေ့မှာ အချိန် ကြာမြင့်စွာ ဆန္ဒပြ ခဲ့ကြပါတယ် ။

ဒါပေမယ့် ဒီ တစ်ကြိမ် မှာတော့ သူတို့ ပွဲကို မရွှေ့ နိုင်ခဲ့ ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် အသင်းသား တွေ နဲ့ ၀န်ထမ်းတွေဟာ ပွဲ မကစားမီ ၆ နာရီ အလို ကတည်းက အိုးထရက်ဖိုဒ့် အတွင်းကို ကိုယ်ပိုင် အစီအစဉ် နဲ့ လာရောက် နေခဲ့ကြပြီး လီဗာပူး ကလည်း အထူး အစီအစဉ်တွေ ပြုလုပ် ခဲ့ရ ပါတယ် ။

လီဗာပူး အသင်းဟာ သူတို့ရဲ့ အမှတ်တံဆိပ် This Means More လိုဂို ပါ၀င်တဲ့ ဘတ်စ်ကား ကို ပုံမှန် လမ်းကြောင်း ကနေ စေလွှတ် ခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေဟာ ဘတ်စ်ကား ကို ပိတ်ဆို့ခြင်း ၊ ဘီးလေလျော့ခြင်းတွေ ပြုလုပ်ခဲ့ ပါတယ် ။ ကား ဟာ အရှိန်နှေးသွား ခဲ့ပေမယ့် ကွင်းထဲကိုတော့ ရောက်အောင် မောင်းနိုင် ခဲ့တယ်လို့ သိရ ပါတယ် ။

ဒါပေမယ့် တကယ်တမ်း မှာတော့ လီဗာပူး အသင်းသားတွေ ဟာ အမှတ်တံဆိပ် ကပ်မထားတဲ့ ဘတ်စ်ကား ၂ စီး ကို အသုံးပြုပြီး အခြားလမ်း ကနေ အိုးထရက်ဖိုဒ့် ကွင်းထဲကို အနှောက် အယှက် မရှိ ၀င်ရောက် သွားနိုင်ခဲ့တယ် လို့ The Mirror သတင်းစာက ဖော်ပြ သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲအစ ၁၀ မိနစ် မှာပဲ ဘရူနို ဖာနန်ဒက်စ် ရဲ့ ကန်ချက် လမ်းကြောင်း ပြောင်း၀င်ပြီး ပွဲကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီယေဂို ဂျိုတာ က ၃၄ မိနစ် မှာ ပြန်လည် ချေပ ခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာ ရော်ဘတ်တို ဖာမီနို က ဦးဆောင်ဂိုးကို သွင်းပေးခဲ့ ပါတယ် ။

ဟယ်ရီ မက်ဂွဲယား မပါတဲ့ ယူနိုက်တက် နောက်တန်းဟာ ဒီပွဲမှာ ပုံစံကောင်း မရခဲ့ဘဲ ဒုတိယပိုင်း အစ ၂ မိနစ် မှာ ဖာမီနို က နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူသွားခဲ့ ပါတယ် ။ ၆၈ မိနစ်မှာ ရက်ဖိုဒ့် က ချေပဂိုး ၁ ဂိုး ပြန်သွင်းခဲ့ပေမယ့် မိနစ် ၉၀ မှာ မိုဟာမက် ဆာလာ က လီဗာပူး အတွက် စတုတ္ထမြောက် ဂိုးကို သွင်းယူကာ အနိုင်ရလဒ်ကို သေချာ စေခဲ့ ပါတယ် ။

ဒီနိုင်ပွဲကြောင့် လီဗာပူး ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန် နေခဲ့ကာ ၃၅ ပွဲ ကစား အပြီးမှာ ရမှတ် ၆၀ နဲ့ အဆင့် ၅ နေရာကို ရောက်ရှိ လာခဲ့ ပါတယ် ။ လီဗာပူး ရဲ့ အထက် မှာတော့ ချဲလ်ဆီး က ၆၄ မှတ် ၊ လက်စတာ စီးတီး ( ၃၆ ပွဲ ကစားပြီး ) က ၆၆ မှတ် နဲ့ တည်ရှိ နေကြပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular