spot_img

ယူနိုက်တက် စတား ရပ်ရှ်ဖို့ ကို အာဆင်နယ် ကြယ်ပွင့် ဆာကာ နဲ့ နှိုင်းယှဥ် ဝေဖန်လိုက်တဲ့ ဒါးရင်းဘန့်

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဒါးရင်းဘန့်က ယူနိုက်တက် တောင်ပံတိုက််စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ အာဆင်နယ် ကြယ်ပွင့် ဘူကာယို ဆာကာ လောက် ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ 56 ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး 30 အထိ သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ရပါတယ် ။

myan789

ဒါပေမဲ့ ဒီနှစ် ဘောလုံး ရာသီမှာတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပွဲစဥ် 5 ပွဲထိ ကစားပြီးချိန်မှာ 1 ဂိုးသွင်း ၊ 1 ဂိုးသာ ဖန်တီးပေးထားနိုင်ခဲ့ပါသေးတယ် ။ အခုတော့ ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယား အဆင့် 13 နေရာမှာ ရပ်တည်နေခဲ့ရပါတယ် ။

အခုတော့ ဒါးရင်းဘန့် က ရပ်ရှ်ဖို့ ဟာ တည်ငြိမ်တဲ့ စွမ်းဆောင််ရည်ကို ပြသနိုင်စွမ်းရှိသူ မဟုတ်ကြောင်း ၊ သူဟာ ဘောလုံး ရာသီ တစ်ခုမှာ ပေါ်လိုက် ၊ ပျောက်လိုက် ခြေစွမ်းမျိုးသာ နှစ်စဥ် ပြသနေခဲ့တာ ဖြစ်ကြောင်း ၊ ကမ္ဘာ့ အဆင့် ကစားသမား မဟုတ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ရပ်ရှ်ဖို့ ဟာ ရပ်တန့်လို့ မရနိုင်တဲ့ ကစားသမားမျိုး ဖြစ်ခဲ့ဖူးတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရဖူးပါတယ် ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ နှစ်ခု အတွင်းမှာတော့ သူရဲ့ စွမ်းဆောင််ရည်ဟာ တက်လိုက်ကျလိုက်နဲ့ အရမ်းကို မတည်မငြိမ် ဖြစ်ခဲ့တာ မကြာခန မြင်ခဲ့ရပါတယ် ”

” သူ့ရဲ့ ခြေစွမ်းဟာ တခါတလေ အရမ်းကောင်းနေတတ်ပြီး သိပ်မကြာခင် ပျောက်ဆုံးသွားခဲ့ရတာချည်းပါပဲ ။ သူ့ရဲ့ခြေစွမ်းဟာ ပေါ်လိုက်ပျောက်လိုက်ပဲ ဖြစ်ခဲ့ရပါတယ် ။ တကယ်ဆို ခင်ဗျား အသင်းမှာ ခြေစွမ်း တည်ငြိမ်သူကိုပဲ လိုအပ်တာပါ ”

” ဒါ့ကြောင့် လူတွေက သူနဲ့ ပတ်သက်လို့ ကမ္ဘာ့ အဆင့် ကစားသမားလားလို့ မေးကြတဲ့ အခါမှာ ကျွန်တော့်အတွက််တော့ မဟုတ်ခဲ့ရပါဘူး ။ သူ့ကို ကမ္ဘာ့ အဆင့်လို့ သတ််မှတ်စရာ အကြောင်းကို မရှိပါဘူး ” လို့ ပြောရင်း ဆာကာ နဲ့ ဆက်လက် နှိုင်းယှဥ်စေတဲ့ အခါမှာတော့…

” ရပ်ရှ်ဖို့ လုပ်ဆောင်ပြခဲ့တဲ့ ကိန်းဂဏန်းတွေကို ဆာကာ နဲ့ နှိုင်းယှဥ်ကြည့်လိုက်တဲ့ အခါမှာတော့ ဆာကာ ဟာ ရပ်ရှ်ဖို့ ထက် အများကြီး ပိုပြီး ခြေစွမ်း တည်ငြိမ်ခဲ့တာကို မြင််တွေ့ရပါလိမ့်မယ် ။ ဒါကို အပါတ်စဥ် အပါတ်တိုင်း ကျွန််တော်တို့ မြင်တွေ့နိုင်ပါတယ် ”

” ဆာကာ ဆိုတာ အသင်းရဲ့ သွင်းဂိုးတွေနဲ့ ပါဝင် ပတ်သက်နိုင်ခြင်း မရှိတဲ့ အခါတွေမှာတောင် ကွင်းထဲ တစ်စုံတစ်ခု လုပ်ပြနိုင်ခဲ့တာချည်းပါပဲ ” လို့ ဒါးရင်းဘန့် က ဝေဖန် ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular