spot_img

ယူနိုက်တက် ကစားသမား တစ်ဦးရဲ့ အောင်ပွဲခံပုံကို ကြည့်ပြီး စိတ်သက်သာရာ ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း ဖွင့်ဟလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရွိုင်ကိန်းက အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ်က ခက်ခဲတဲ့ ရက်သတ္တပါတ် တွေကို ကျော်လွန်ပြီး လိဒ်စ် နဲ့ ပွဲစဉ်မှာ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အတွက် စိတ်သက်သာရာ ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒန်နီယယ် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 15 သန်းနဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး အစကောင်းခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်မှာ ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရမှု ၊ မေဆွန် ဂရင်းဝုဒ် ဆက်တိုက် တောက်ပမှု တွေကြောင့် ပွဲထွက် ကစားခွင့် ဆုံးရှုံးခဲ့ရသူ ဖြစ်ခဲ့ရ ပါတယ် ။

myan789

ဒီနှစ် မှာလည်း သူဟာ အသင်း အတွက် ပွဲကစားချိန် မိနစ်တွေကို ရရှိခဲ့ပေမယ့် ပရိသတ်တွေ မျှော်လင့်ခဲ့ကြတဲ့ ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ သလို ဂိုးသွင်းယူ နိုင်ခြင်း ၊ ဖန်တီးမှုတွေ လုပ်ဆောင်ခြင်း တွေကိုပါ မပြုလုပ် နိုင်ခဲ့တဲ့ အတွက် ဂရင်းဝုဒ် နဲ့ မာတာ တို့ရဲ့နောက် အသင်း ရဲ့ တတိယ ဦးစားပေး ဖြစ်သွားခဲ့ ပါတယ် ။

အခုတော့ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ်မှာ သူဟာ ပွဲထွက် ကစားခွင့် ပြန်လည် ရရှိ ခဲ့ပြီး သင့်တင့်စွာ ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသ နိုင်ခဲ့သလို အသင်းဖော် တော်မီနေး ရဲ့ အကွက်မြင်တဲ့ ဖန်တီးမှု ကိုလည်း အမှားအယွင်း မရှိ ဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ပြီး ဒီရာသီ ယူနိုက်တက် အတွက် ပထမဆုံး လိဂ် ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း က ဝေးလ် လက်ရွေးစင် ကစားသမား ဖြစ်သူမှ ဂိုးသွင်းယူ ခဲ့တဲ့နောက် အောင်ပွဲခံခဲ့တဲ့ ပုံစံက စိတ်သက်သာရာ ရရှိသွားပြီ ဆိုတဲ့ အမူအယာမျိုး ကွင်းကွင်းကွက်ကွက် ပေါ်လွင်ခဲ့ ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူဟာ ခက်ခဲတဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင်ခဲ့ရ ပါတယ် ။ သူဟာ ယူနိုက်တက်ကို စရောက် ကတည်းက ခက်ခဲတဲ့ ရက်စွဲ တွေကို ဖြတ်သန်း ခဲ့ရ ပါတယ် ။ သူ့ရဲ့ ယူနိုက်တက် ကစားသမားးဘဝ စတင်ပုံ အရမ်းကို ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ အဲ့ဒီနောက် သူဟာ ခက်ခဲတဲ့ လ တွေကို ပိုင်ဆိုင်ခဲ့ရ ပါတယ် ”

” အခုတော့ အိုလီကို ဂုဏ်ထူးမှတ် ပေးရပါတော့မယ် ။ ဒါဟာ ဂျိမ်းစ် ပွဲထွက် ကစားသင့်တဲ့ ပွဲစဉ်မျိုး ဖြစ်တယ် ဆိုတာကို သူက ခွဲခြား သိမြင် နိုင်ခဲ့ပြီး ကစားခွင့် ပေးဆောင် သွားခဲ့ ပါတယ် ။ ကစားသမား တစ်ယောက် ဂိုး သွင်းယူ ပြီးတဲ့နောက် သူ့ရဲ့ မျက်နှာ အထက်မှာ ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ် နေသလဲ ဆိုတာကို ကျွန်တော် ပြောပြနိုင် ပါတယ် ”

” သူဟာ ဘောလုံး ရရှိတဲ့ အချိန်တိုင်း တိုက်စစ် ပြေးလွှား ကစားပြဖို့ အားထုတ်ခဲ့ ပါတယ် ။ သူ့ရဲ့ စိတ်ဓါတ် ခံယူချက်က နှစ်လိုဖွယ် ကောင်းခဲ့ပြီး ရဲဝံ့စွာ ကစားပြ နိုင်ခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို သွားရောက်ရတာက သူ့ဘဝ အတွက် ကြီးမားလွန်းတဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်သွားခဲ့ရ ပါတယ် ”

” ဂိုး သွင်းယူ ခဲ့တဲ့နောက် သူ့ရဲ့ မျက်နှာကို အကဲခတ် ကြည့်ရှုလိုက်ပါ ။ ဒီလို အောင်ပွဲခံပုံက ဒီဂိုးဟာ ကောင်လေး အတွက် ဘယ်လောက်တောင် အဓိပ္ပါယ် ရှိလိုက် သလဲ ဆိုတာကို ကွင်းကွင်းကွက်ကွက် ပေါ်လွင် စေခဲ့ ပါတယ် ။ ကျွန်တော် ကတော့ ဒီကောင်လေး အတွက် တစ်ကယ့်ကို ကြည်နူး ဝမ်းမြောက်မိခဲ့ ပါတယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကစားပေးဖို့ ဆိုတာက လူတိုင်း အတွက် ထင်သလောက် လွယ်ကူလွန်းတဲ့ အရာ တစ်ခု မဟုတ် ပါဘူး ။ ဒီမှာ ပွဲထွက် ကစားဖို့ အတွက် ဖိအားတွေ အများကြီး ရှိပါတယ် ။ အခုလို ဂိုးသွင်း နိုင်ခြင်းက ကောင်လေး အတွက် တစ်ကယ့်ကို စိတ်သက်သာရာ ရရှိ သွားစေခဲ့ ပါတယ် ” လို့ ရွိုင်ကိန်း က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular