spot_img

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို ဂုဏ်ပြုချီးကျူးလိုက်တဲ့ ရက်ရှ်ဖို့ဒ်

ခါရာဘောင်းဖလား ပွဲစဉ်တစ်ခုဖြစ်တဲ့ ဘန်စလေအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူးတွေဟာ နေရာလွတ်တွေ ရှာဖွေတာနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ထူးချွန်ခဲ့ကြတယ်လို့ မန်ယူအသင်းတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ပါတယ်။

ဒီပွဲဟာ ရက်ရှ်ဖို့က ယူနိုက်တက်အတွက် ကစားပေးခဲ့တဲ့ ပွဲစဉ်ပေါင်း ၂၀၀ ပြည့်မြောက်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ယူနိုက်တက်က ဘန်စလေအသင်းကို ၇ဂိုး၊ ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲစဉ်အတွင်းမှာ ရက်ရှ်ဖို့ဒ်ဟာ သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မန်ယူအသင်းကို ခါရာဘောင်းဖလားလုပြိုင်ပွဲရဲ့ စတုတ္ထအချီသို့ သာသာယာယာ ပို့ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

myan789

အဆိုပါပွဲစဉ်မှာ ဂါနာချိုနဲ့ ခရစ္စရှန်အဲရစ်ဆင်တို့ကလည်း မန်ယူအသင်းအတွက် သွင်းဂိုး ၂ ဂိုးစီသွင်းယူပေးခဲ့ကြပြီး အန်တိုနီကလည်း ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပန်တီကို ဂိုးအဖြစ် ပြောင်းလဲသွင်းယူပေးနိုင်ခဲ့ပါတယ်။

တောင်ပံနှစ်ဘက်တွင် အန်တိုနီနှင့် ဂါနာချိုတို့ကိုခြံရံကာ တိုက်စစ်လိုင်းရဲ့ အလယ်မှနေ၍ တိုက်စစ်ကို ဦးဆောင်ပုံဖော်ပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်တစ်ယောက်ဟာ ပွဲစဉ်တလျှောက်တွင် အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးနဲ့ ပဉ္စမမြောက်ဂိုးကို ဘယ်ခြေ၊ ညာခြေရွေးမနေပဲ ယုံကြည်ချက်ရှိရှိနဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို အသင်းဖော် ဂါနာချိုက ဖန်တီးပေးပို့ခဲ့တာဖြစ်ပြီး ပွဲစဉ်ရဲ့ ဦးဆောင်အဖွင့်ဂိုးကို သွင်းယူပြီးနောက်မှာတော့ မန်ယူအသင်းရဲ့ တိုက်စစ်က ပိုမိုဦးဆောင်လွှမ်းမိုးနိုင်လာခဲ့တယ်လို့ ရက်ရှ်ဖို့ဒ်က ပြောလာခဲ့ပါတယ်။

Sky Sport က ဂါနာချိုနဲ့ သူနဲ့ကြားက နားလည်မှုကို မေးမြန်းလာချိန်မှာတော့“ကွင်းထဲမှာ အခုလိုမျိုး ဆက်နွယ်မှုတွေ ရှိနိုင်ဖို့က အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ အထူးသဖြင့် တိုက်စစ်သမားတွေနဲ့ ကွင်းလယ်နဲ့ ချိတ်ဆက်မှုတွေပေါ့။ ကျွန်တော်တို့ ဒီနေ့ အတော်ကို ကောင်းခဲ့တယ်လို့ ခံစားနေရပါတယ်။” လို့ ရက်ရှ်ဖို့ဒ်က ဖြေဆိုခဲ့ပါတယ်။

“ပထမဂိုးမတိုင်ခင်တုန်းကတော့ ခက်ခဲမှုလေးတွေ အနည်းငယ်ရှိခဲ့ပေမဲ့ ပထမဂိုးလည်း ရပြီးရော ပိုမိုကောင်းမွန်တဲ့ နေရာလွတ်တွေကို ရှာဖွေနိုင်လာပြီး ဂိုးသွင်းနိုင်ဖို့အတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ် ခင်ဗျာ။” လို့ ရက်ရှ်ဖို့ဒ်က ထပ်မံပြောကြားခဲ့ပါတယ်။

Rashford was a key player throughout the game on either wing with Anthony and Ganacho

သူကစားခဲ့တဲ့ နောက်ဆုံးနှစ်ပွဲမှာ သွင်းဂိုး(၃)ဂိုးသွင်းယူနိုင်ခဲ့တာ‌ကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ ယုံကြည်မှုတွေ တိုးတက်လာပြီးယခုလို သွင်းဂိုးတွေ သွင်းယူနိုင်နေတဲ့ ပုံစံကောင်းကို ထိန်းသိမ်းသွားနိုင်မလားဆိုပြီး မေးမြန်းလာခဲ့တဲ့ အပေါ်မှာတော့ ယူနိုက်တက်တိုက်စစ်မှူးက သူ့အနေနဲ့ ခရစ္စတယ်ပဲလေ့စ် အိမ်ကွင်းသို့ စနေနေ့မှာ သွားရောက်ရင်ဆိုင်ရမဲ့ နောက်ပွဲစဉ်အတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အခုကနေစလို့ ရက်ရှ်ဖို့ဒ်အတွက် သွင်းဂိုးတွေ ရှိလာမယ်လို့ တန်ဟတ်က ထောက်ခံပြောဆိုခဲ့တဲ့ အပေါ်မှာတော့ “ဒါကို ပြောဖို့ရာ စောပါသေးတယ်။ ဒါပေမဲ့ အဲ့လိုဖြစ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။” ဟုရက်ရှ်ဖို့ဒ်က ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့က အခုချိန်မှာ နောက်ပွဲစဉ်အတွက် ရှေ့ဆက်သွားကြမှာပါ။ အနားယူမယ်၊ အားမွေးမယ် ပြီးရင် နောက်ပွဲအတွက် အာရုံစူးစိုက်ထားမယ်။

ဘောလုံးကတော့ ဘောလုံးပါပဲ။ တခါတလေမှာ ကျွန်တော်တို့အတွက် အတက်တွေရှိမယ်၊ တခါတလေမှာတော့ အကျတွေရှိမှာပါပဲ။ ကျွန်တော်တို့တွေက ဒီကစားပွဲတွေကို အသုံးချပြီး ညီညွတ်မှုနဲ့ ကစားရှိန်ရအောင် ရှာဖွေရမှာ ဖြစ်ပြီး ကစားပွဲတိုင်းမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးအနေအထားကို ရောက်ရှိနိုင်အောင်လို့ အကောင်းဆုံးကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။” လို့ ရက်ရှ်ဖို့ဒ်က ပြောကြားသွားခဲ့ပါတယ်။

Rashford praised United's attack

ယခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးသွင်းယူပြီးခဲ့တဲ့ နောက်မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ဒီဖလားလုပွဲမှာ ယူနိုက်တက်အတွက် ဒုတိယမြောက် သွင်းဂိုးအများဆုံး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တိုက်အတွက် ခါရာဘောင်းဖလားပွဲစဉ် (၂၄)ပွဲကစားခဲ့ရာမှာ သွင်းဂိုး(၁၆)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီဖြစ်ပြီး ပွဲစဉ်ပေါင်း ၃၈ ပွဲကစားကာ သွင်းဂိုး(၁၆)ဂိုး သွင်းယူပေးထားတဲ့ မာ့ခ်ဟျုချ်ရဲ့ မှတ်တမ်းကို မှီလာခဲ့ပြီဖြစ်ပြီး သူ့ရဲ့အထက်မှာတော့ (၄၅)ပွဲကစားကာ သွင်းဂိုး(၁၉)သွင်းယူနိုင်ခဲ့တဲ့ ဘရိုင်ယန်မက်ကလဲ သာရှိတော့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲတွင် ရက်ရှ်ဖို့ဒ်ရဲ့ မန်ယူအတွက် ပထမဆုံးသွင်းဂိုးကိုတော့ ၂၀၁၆-၂၀၁၇ရာသီက နော်သမ်တန်တောင်းနဲ့ ကစားခဲ့ရတဲ့ တတိယအချီပွဲစဉ်မှာ ဖြစ်ပါတယ်။ အဲ့ဒီရာသီမှာ မန်ယူအသင်းဟာ ခါရာဘောင်းဖလားလုပွဲ တလျောက်တွင် အောင်မြင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင် ဝမ်ဘလေကွင်းကြီးတွင် ဆောက်သမ်တန်အသင်းကို အနိုင်ယူကာ ခါရာဘောင်းဖလားချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အဲရစ်တန်ဟတ် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ရာသီ ခါရာဘောင်းဖလားရရှိခဲ့တဲ့ ပြိုင်ပွဲမှာလည်း အဓိက ကစားသမားဖြစ်ခဲ့ပြီး ပြိုင်ပွဲရဲ့ အချီတိုင်းမှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ မန်ယူအသင်းဟာ ဗိုလ်လုပွဲတွင် နယူးကာဆယ်အသင်းကို အနိုင်ရယူကာ ခါရာဘောင်းဖလားချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ကာ ကာရာဘောင်းဖလားလုပွဲရဲ့ စတုတ္ထအချီအတွက် မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ရမဲ့အသင်းကိုတော့ လာမဲ့အပတ် ဗုဒ္ဓဟူးနေ့ကျမှ သိကြရမှာ ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular