spot_img

ယူနိုက်တက်ရဲ့ လာမယ့်ဘောလုံးရာသီနဲ့ ပတ်သက်လို့ ပရိသတ်တွေဆီ အပေါင်းလက္ခဏာဆောင််တဲ့ မက်​ဆေ့ ပို့ဆောင်လိုက်တဲ့ အက်ဒ်ဝုဝဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အမှုဆောင်ချုပ်ဟောင်း ဖြစ်သူ အက်ဒ်ဝုဝဒ် က ပြီးခဲ့တဲ့ 8 ရာသီ အတွင်း 6 ရာသီ အထိ ဖလား လက်မဲ့ ဖြစ်ခဲ့ရတဲ့ အသင်းဟောင်းဟာ ရေရှည် အောင်မြင်မှု ရရှိနိုင်ဖို့ အတွက် ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ် ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

2019-20 ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 3 နေရာ နဲ့ ရာသီ ပိတ်သိမ်းခဲ့ရတဲ့ ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကတော့ အဆင့် 2 နေရာနဲ့ ရာသီ ပိတ်သိမ်းနိုင်ခဲ့ပြီး ပိုမို တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ကြ ပါတယ် ။

myan789

ယူနိုက်တက်တို့ဟာ ယခင်ကထက် ရမှတ် ၈ မှတ် ပိုပြီး စုဆောင်းထားနိုင်ခဲ့ကြသလို ဂိုးတွေလည်း ပိုပြီးသွင်းယူနိုင်ခဲ့ကြ ပါတယ် ။ ဒါပေမဲ့ ယူရို ပါလိဂ် ဖိုင်နယ်မှာ ဗီလာ ရီးယဲ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဖလား လက်မဲ့ ဖြစ်ခဲ့ရ ပါတယ် ။

အခြားတစ်ဖက်မှာတော့ ယူနိုက်တက် အသင်းကို 2 နှစ်ခွဲ ကိုင်တွယ်ပြီး ဆုဖလား အောင်မြင်မှု မရယူနိုင်ခဲ့သေးတဲ့ ဆိုးလ်ရှား ကလည်း အသင်းကို ပိုမို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အတွက် စာချုပ် သက်တမ်း တိုးမြှင့်ဖို့ မျှော်လင့် နေတာပဲ ဖြစ်ပါတယ် ။

အခြား တစ်ဖက်မှာတော့ ယူနိုက်တက်တို့ ဒီနှစ်အတွင်း ဇန်နဝါရီ နဲ့ မတ်လ ဝင်ငွေတွေကို စာရင်းချုပ်ရာမှာ ပေါင် 443.5 သန်း အသားတင် အကြွေးတင် နေတယ်လို့ သိရှိလိုက်ရပါတယ် ။ ဒါပေမဲ့ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ယူနိုက်တက် တို့ဟာ ဝင်ငွေ အားလုံးရဲ့ 4% မျှသာ အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ ရာသီအသစ်မှာ လိဒ်စ် ယူနိုင်တက် အသင်းနဲ့ အဖွင့်ပွဲ ကစားသွားရဖို့ ရှိနေကြပါတယ် ။ အဲ့ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ပရိသတ်တွေကို ကွင်းလုံးပြည့် ပြန်လည် ပိုင်ဆိုင်ဖို့ မျှော်လင့် နေကြပါတယ် ။

အခုတော့ အမှုဆောင်ချုပ်ဟောင်း ဖြစ်သူ အက်ဒ်ဝုဝဒ် က အသင်းဟောင်းဟာ အောင်မြင်မှုတွေကို ရရှိနိုင်မယ့် အခြေခံ အုတ်မြစ် တစ်ခု ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ၊ ပရိသတ်တွေ ပြန်လာမယ့် ဘောလုံးရာသီကို ရှေးရှုနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံး ရာသီအတွင်း ပရိသတ်တွေ မပါဝင်ခဲ့ကြတာက သူတို့တွေဟာ အသင်းရဲ့ အရေးအပါဆုံးသူတွေ ဖြစ်တယ်ဆိုတာကို သက်သေပြသရာ ရောက်စေခဲ့ပါတယ် ။ ရာသီ ကုန်ဆုံးခါနီးမှာတော့ ကန့်သတ်ထားတဲ့ ကိန်းဂဏန်းတွေနဲ့ အတူ သူတို့တွေဟာ ကွင်းထဲ ပြန်လည် ဝင်ရောက်ခွင့် ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ”

” လာမယ့် နွေမှာတော့ ပိုပြီး ကြီးမားလှတဲ့ ပရိသတ် အစုအဖွဲ့တွေကို ကွင်းထဲမှာ မြင်တွေ့ရနိုင်ဖို့ ရှိနေပါသေးတယ် ။ လာမယ့် ရာသီမှာ ကွင်းထဲ ပိုပြီး အင်အား တောင့်တင်းတဲ့ ပရိသတ် ပမာဏကို မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော်တို့ အပေါင်း လက္ခဏာဆောင်တဲ့ အတွေးကို တွေးတောထားကြ ပါတယ် ”

” အသင်းဟာ ရေရှည် အောင်မြင်မှုတွေကို ရရှိနိုင်မယ့် အခြေခံ အုတ်မြစ် တစ်ခုကို ပိုင်ဆိုင်ထားပါပြီ ။ လာမယ့် ရာသီမှာ ပရိသတ်တွေကို ကွင်းထဲ ပြန်လည် ပိုင်ဆိုင်ရပါတော့မယ် ။ အဲ့ဒီလို ဘောလုံး ရာသီမျိုးကို ကျွန်တော်တို့ စောင့်မျှော် နေကြပါတယ် ” လို့ အက်ဒ်ဝုဝဒ်က ပြောကြားသွားခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular