spot_img

ယူနိုက်တက်ရဲ့နည်းစနစ်ပိုင်းကို ဦးတည်ဝေဖန်လိုက်တဲ့ စလော့

တနင်္ဂနွေနေ့က အန်ဖီးလ်မှာ ၂-၂ သရေကျခဲ့ပြီးနောက် ယူနိုက်တက်အသင်းရဲ့ Low-block နည်းစနစ်ကို ဦးတည်ဝေဖန်လိုက်ပါတယ်။ မာတီနက်ဇ်က ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးအသင်းက ဂတ်ပို ၊ ဆာလက်တို့ရဲ့ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်အတွက် နောက်ကျချေပဂိုးကို ပွဲကစားချိန် ၈၀ မိနစ်မှာ အာမက်ဒီယာလိုက ချေပဂိုးနဲ့ သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ အရေးပါတဲ့ ၂ မှတ်ဆုံးရှုံးခဲ့ပြီးနောက် စလော့တ်က အာမိုရင်ရဲ့နည်းစနစ်ပိုင်းကို ဝေဖန်ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ခံစစ်ပိုင်းကို ဦးတည်ပြီး low-block ကစားကွက်နဲ့ လီဗာပူးကို ရင်ဆိုင်ခဲ့ကာ မက်ဂွါရီရဲ့နောက်ကျအနိုင်ဂိုးကလည်း အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပါတယ်။

myan789
Arne Slot criticised United's low-blocking tactics.

ပွဲအပြီးသတင်းစာရှင်းပွဲမှာ စလော့က “မှန်ပါတယ်။ ကျွန်တော်တို့ အရေးပါတဲ့ ၂ မှတ်လက်လွှတ်ခဲ့ရပါတယ်။ လူတော်တော်များက အဆုံးသတ်ကိုပဲပြောကြမှာပါ။ မက်ဂွါရီဆိုရင်လည်း နောက်ကျအခွင့်အရေးရခဲ့ပါတယ်။ ဗန်ဒိုက်လည်း အခွင့်အရေးကောင်းရခဲ့ပါတယ်။

အဲ့တာက ၃-၂ ဖြစ်နိုင်ချေရှိခဲ့ပါတယ်။ အဆုံးသတ်မှာ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အခုပွဲက နော်တင်ဟမ်ပွဲနဲ့အနည်းငယ်ဆင်တူပါတယ်။ ၂ သင်းစလုံးကစားတဲ့ကစားကွက်တူပါတယ်။ ခံစစ်မှာ အားလုံးပြုံပြီး low-block ကစားတာပါ။ သူတို့မှာ ဘောလုံးရှိချိန်ဆိုရင် ကစားကွက်မတည်ပဲ အဝေးဘောနဲ့သာ ကစားပါတယ်။ ဖရီးကစ်တိုင်းကိုလည်း အတူတူပါပဲ။

ဒီလိုအသင်းမျိုးတွေနဲ့ကစားရတာက မလွယ်ကူပါဘူး။ ဖောရက်စ်နဲ့ပွဲမှာလည်း အဲ့လိုမျိုးပါပဲ။ အထူးသဖြင့် သူတို့မှာ ခံစစ်ကစားသမားကောင်းတွေရှိရင် ပိုကာကွယ်နိုင်ပါတယ်။ low-block က တကယ်မလွယ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ တော့တင်ဟမ်နဲ့ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲကန်ရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular