spot_img

ယူနိုက်တက်နဲ့ပွဲက လီဗာပူးစတားတစ်ဦးစွမ်းဆောင်ရည်ကို စွပ်စွဲလိုက်တဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးစတား အာနိုးလ်ရဲ့ယူနိုက်တက်နဲ့ပွဲက ခြေစွမ်းကို ဝေဖန်ပြောကြားလိုက်ပါတယ်။ အာနိုးလ်ဟာ ယူနိုက်တက်ကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေသိပ်မပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကလည်း အင်္ဂလန်သားရှိတဲ့ညာခြမ်းကိုသာ အဓိကထားထိုးဖောက်ခဲ့တာဖြစ်ပြီး ချေပဂိုး ၂ ဂိုးစလုံးရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါအခြေအနေကြောင့် အာနိုးလ်ဟာ ရီးရဲလ်အသင်းက စိတ်ဝင်စားခံနေရတာကို နစ်မြောနေပြီး စွမ်းဆောင်ရည်ကျဆင်းရတဲ့အဓိကအချက်လို့ ထင်မြင်နေကြပါတယ်။ “ရီးရဲလ်အသင်းက သူ့ကိုချိန်သားကိုက်ကမ်းလှမ်းတာက ဆိုးဝါးပါတယ်။ အခုတော့ သူ့အခြေအနေက ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။

myan789

ခင်ဗျားက ပြည်တွင်းကစားသမားတစ်ဦးဖြစ်တယ်ဆိုရင် အခုလိုမျိုးနှောက်ယှက်တာက မကောင်းပါဘူး။ ယူနိုက်တက်က သားရဲတစ်ကောင်လိုကစားခဲ့သလို ရီးရဲလ်အသင်းဘက်က စော်ကားတာလို့ ကျွန်တော်မြင်ပါတယ်။ သူတို့လိုချင်တာကို လုပ်နေသလိုပါပဲ။

 Gary Neville has criticised Liverpool star Trent Alexander-Arnold's performance

အာနိုးလ်က လီဗာပူးကစားသမားအဖြစ်ရှိနေပါသေးတယ်။ သူတို့ အခုလာမယ့်ဇန်နဝါရီမှာ ပေါင်သန်း ၂၀ နဲ့ ရောင်းမှာမဟုတ်ပါဘူး။ အခုလိုနှောက်ယှက်နေတာက သူ့ကိုစိတ်ရှုပ်စေပါတယ်။ ခင်ဗျားမိသားစု ၊ အေးဂျင့်တွေကလည်း အဲ့လိုပြောနေရင် စိတ်ရှုပ်စေသလို အကူအညီလည်းဖြစ်မှာမဟုတ်ပါဘူး”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။ လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါကလည်း အာနိုးလ်ရဲ့တာဝန်ရှိသူတွေဟာ ရီးရဲလ်အသင်းကိုကမ်းလှမ်းလာအောင် ဖိတ်ခေါ်နေတယ်လို့ ယုံကြည်နေပါတယ်။

“ရီးရဲလ်အသင်းက ၄ လလောက်ဘာမှမလုပ်ခဲ့ပဲ အခုချိန်မှကစားသမားကို ကမ်းလှမ်းတာက အာနိုးလ်ရဲ့တာဝန်ရှိသူတွေက ဖိတ်ခေါ်တာနေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ဆောင်းဈေးကွက်မှာ အာနိုးလ်ကို ဆက်ထိန်းနိုင်ဖို့ ပြင်ဆင်နေပေမယ့် စာချုပ်သစ်အဆင်မပြေခဲ့ရင် အလွတ်နဲ့လက်လွှတ်ရမှာဖြစ်တာကြောင့် ခေါင်းခဲစရာဖြစ်လာဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular