ပြင်သစ်လက်ရွေးစင် ခံစစ်မှူးဟောင်းဖြစ်သူ ရာဖေးလ် ဗာရန်းဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက်် အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး 59 ပွဲ အထိ ကစားပေးထားခဲ့ကာ 2022 ဖေဖော်ဝါရီမှာ ဘရန့်ဖို့ဒ် အသင််းဖက် ပထမဆုံးဂိုး သွင်းယူပေးထားခဲ့တာပဲ ဖြစ်ပါတယ် ။
သူဟာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့နောက် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီး ဒီရာသီမှာတော့ နည်းပြ အဲရစ် တန်ဟတ် လက်အောက်မှာ ကာရာဘောင်ဖလား ဆွတ်ခူးထားနိုင်ခဲ့ပါပြီ ။ ဒါပေမဲ့ သူဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့နေခဲ့တဲ့အတွက် အနားယူနေခဲ့ရတာပဲဖြစ်ပါတယ် ။
အခုတော့ သူဟာ ဒဏ်ရာ ပြသနာမှ ပြန်လည် သက်သာ ကောင်းမွန်လာခဲ့ပြီး ဒီတစ်ပါတ် ဝုလ်ဗ် နဲ့ ပွဲစဥ်မှာ ပြန်လည်် ပါဝင်လာနိုင်ခြေ ရှိနေခဲ့ပါပြီ ။ အခုတော့ အဆိုပါ ပွဲစဥ်မတိုင်မီ အင်တာဗျူး အစီအစဥ် တစ်ခုမှာ ဗာရန်းက ယူနိုက်တက် ကစားသမား ဘဝရဲ့ ခမ်းနားတဲ့ အခိုက်အတန့်ကို ပြောပြသွားခဲ့လိုက်ပါတယ် ။
” ဝုလ်ဗ် နဲ့ ကစားခဲ့ရတဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဆုံး ပွဲစဥ်က အခမ်းနားဆုံး အခိုက်အတန့်ပါပဲ ။ ဒါဟာ တကယ့်ကို ခမ်းနားတဲ့ အသင်း ၊ ကမ္ဘာပေါ်မှာ ပရိသတွတွေ အားအပေးဆုံး ၊ စပါယ်ရှည် အသင်းလည်း ဖြစ်တယ်လေ ”
” အသင်းရဲ့ သမိုင်းကြောင်းက တကယ့်ကို စပါယ်ရှယ်ပါပဲ ။ အသင်း စိတ်ဓါတ် ၊ ဒသနတွေ ၊ ကလပ်ရဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ ပရိသတ်တွေရဲ့ ချစ်ဇောအဟုန်က တကယ့်ကို စပါယ်ရှယ် ဖြစ်နေသလို အခြားအသင်းတွေထက်လည်း ခြားနားစေခဲ့ပါတယ် ”
” ဒီဂျာစီကို ဝတ်ဆင်လိုက်တိုင်း ကျွန်တော့်ဖက်က 100 ရာခိုင်နှုန်း အပြည့် ပေးဆပ် ကစားရမယ်လို့ ခံစားမိခဲ့ရပါတယ် ။ ကျွန်တော် တက်စွမ်းသမျှ အစွမ်းကုန်ပေးဆပ် ကစားရမယ်ဆိုတဲ့ စိတ်မျိုး ဖြစ်စေပါတယ် ။ ဒီဂျာစီကို ဝတ်ဆင်တိုင်း စိတ်ဓါတ် တက်ကြွခဲ့ရတာချည်းပါပဲ ” လို့ ဗာရန်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
ဗာရန်းဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဥ် 30 အထိ ကစားပေးထားခဲ့ပြီး 11 ပွဲ အထိ clean sheet ရယူပေးထားနိုင်ခဲ့ပါတယ် ။ သူဟာ ယူနိုက်တက်တို့ မန်စီးတီးနဲ့ ကစားရမယြၽ FA ဖလား ဖိုင််နယ်ပွဲမှာ ကြံ့ခိုင်မှု အပြည့်နဲ့ပါဝင်ကစားပေးဖို့ အခွင့်အလမ်းကောင်းနေပြီလို့ သိရပါတယ် ။