spot_img

ယခုရာသီ ဂိုးကန်သွင်းမှုတွင် လီဗာပူးလ် ဒုတိယနေရာ၌ရှိသော်လည်း ဂိုးကန်ချက်များမှ ဂိုးရရှိမှုမှာ ဆိုးရွားနေပြီး အဆင့်(၁၀)သို့ ရောက်ရှိ

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများ ကြုံတွေ့နေရသော်လည်း ပြိုင်ဘက်အသင်းများဘက်သို့ ဂိုးကန်သွင်းမှုမှာ အခြေအနေမဆိုးဘဲ ဒုတိယနေရာ၌ ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၇) မတိုင်မီ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သော မှတ်တမ်းများအရ ယခုရာသီ လီဗာပူးလ်အသင်း၏ ပရီးမီးယားလိဂ်ဂိုးကန်သွင်းမှု စုစုပေါင်းမှာ (၄၀၆)ကြိမ်အထိ ရှိနေပြီး လီဗာပူးလ်ထက် ပိုများသောအသင်းမှာ မန်စီးတီးတစ်သင်းတည်းသာ (၄၁၈ ကြိမ်)ရှိသည်။

သို့သော် ယင်းဂိုးကန်ချက်များမှ ဂိုးရရှိမှုအချိုး(ဂိုးကန်သွင်းမှုများကို ဂိုးအဖြစ်ပြောင်းလဲနိုင်မှု – Shot Conversion Rate)တွင်မူ လီဗာပူးလ်အသင်းမှာ မှတ်တမ်းမကောင်းဘဲ အဆင့်(၁၀)နေရာ၌ သာရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

myan789

လီဗာပူးလ်အသင်း၏ ယခုရာသီ Shot Conversion Rate မှာ (၁၁.၆)သာရှိပြီး ပြီးခဲ့သည့်ရာသီများနှင့် နှိုင်းယှဉ်ပါက အလွန်အခြေအနေဆိုးရွားနေလျက်ရှိသည်။ လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်တွင် ဒုတိယရရှိခဲ့သည့် ၂၀၁၈-၁၉ ရာသီက ှ့သအ ဃသညလနမျငသည ျွအေန (၁၅.၅)၊ ချန်ပီယံ ဖြစ်ခဲ့သည့် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက (၁၄.၄)ရှိခဲ့ကြောင်း သိရသည်။ ယခုရာသီတွင် လီဗာပူးလ်အသင်း ရလဒ်များကျဆင်းခဲ့ရာ၌ အသင်း၏ခံစစ်ကစားသမားများ ဒဏ်ရာရရှိမှု နှင့် ခံစစ်အားနည်းမှုကို ဝေဖန်သူအများစုက ထောက်ပြဝေဖန်နေကြချိန်တွင် Daily Mail သတင်းစာက လီဗာပူးလ်အသင်း၏ တိုက်စစ်၌လည်း ပြဿနာရှိနေကြောင်း သုံးသပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်ကြာသပတေးနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၀-၁)ချယ်လ်ဆီးပွဲတွင် လည်း လီဗာပူးလ်အသင်းသည် ဂိုးကန်ချက်(၇)ကြိမ်ရှိခဲ့ သော်လည်း ဂိုးပေါက်တစ်ကြိမ်သာတည့်ကာ တစ်ဂိုးမျှမရရှိ ခဲ့ပေ။ ယင်းပွဲကို Sky Sports ရုပ်သံ၌ ဝေဖန်သုံးသပ်နေသော လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီကာရေဂါက သူ၏အ သင်းဟောင်းအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ပွဲအစ မိနစ် (၂၀)ခန့် ကြည့်ရှုပြီးကတည်းက လီဗာပူးလ်အသင်းအနေဖြင့် ယင်းပွဲ၌ ဂိုးသွင်းနိုင်မည်မဟုတ်ဟု ကြိုတင်ခန့်မှန်း၍ရခဲ့ သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် Shot Conversion Rate အကောင်းဆုံးအသင်းများအဖြစ် အဲဗာတန်၊ စပါး၊ မန်ယူ၊ လက်စတာအစရှိသော အသင်းများက ထိပ်ဆုံး တွင် ဦးဆောင်နေကြကြောင်း သိရသည်။ ယခုရာသီ ပရီးမီး ယားလိဂ်တွင် နိုင်ပွဲဆက်မှတ်တမ်းများရယူခဲ့ပြီး ရမှတ်ဖြတ် ဦးဆောင်နေသည့် မန်စီးတီးအသင်းမှာမူ ဂိုးကန်သွင်းမှုအများဆုံး၊ သွင်းဂိုးအများဆုံးအသင်း (ပရီးမီးယားလိဂ် ပွဲစဉ်-၂၇ မကစားမီ မှတ်တမ်းအရ)ဖြစ်သော်လည်း Shot Conversion Rate ဇယားတွင်မူ အဆင့်(၅)၌သာ ရပ်တည်နိုင်ခဲ့သည်။ လန်ဒန်အသင်းကြီးနှစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းနှင့်ချယ်လ်ဆီးအသင်းတို့မှာလည်း ယင်းဇယားတွင် လီ ဗာပူးလ်အသင်း၏အောက် အဆင့်(၁၁)နှင့်(၁၂)နေရာများတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular