spot_img

ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တွင် အင်္ဂလန်ကလပ်နှစ်သင်းစီ ဆီမီးဖိုင်နယ်တက်ရောက်ထားသဖြင့် ကိုးနှစ်အတွင်း ပထမဆုံးအဖြစ် လာလီဂါကိုကျော်ပြီး ပရီးမီးယားလိဂ်က လိဂ်ပြိုင်ပွဲ အဆင့် ၁ ဖြစ်လာ

ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲတွင် အင်္ဂလန်ကလပ်နှစ်သင်းစီ ဆီမီးဖိုင်နယ် တက်ရောက်ထားသဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ လိဂ်အဆင့်သတ်မှတ်ချက်စာရင်း (Men’s AssociationCoefficient) တွင် ကိုးနှစ်အတွင်း ပထမဆုံးအဖြစ် လာလီဂါကိုကျော်ပြီး ပရီးမီးယားလိဂ်က အဆင့် ၁ ဖြစ်လာကြောင်း သိရသည်။

ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ မန်စီးတီးနှင့် ချယ်လ်ဆီး၊ ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ မန်ယူနှင့် အာဆင်နယ် အသင်းတို့ တက်ရောက်ထားပြီး ပထမအကျော့ ပွဲစဉ်များအပြီးတွင် အာဆင်နယ်အသင်းမှ လွဲ၍ ကျန်သုံးသင်းစလုံး ရလဒ်ကောင်းများ ရရှိထားသည်။

myan789

ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမနေ့ တွင် ချယ်လ်ဆီးအသင်းက ရီးယဲလ်အသင်းကို အဝေးကွင်း၌ တစ်ဂိုးစီသရေကစားထားပြီး ဒုတိယနေ့တွင် မန်စီးတီးအသင်းက PSG အသင်းကို အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် အနိုင်ရထားသဖြင့် နှစ်သင်းစလုံး ဗိုလ်လုပွဲတက်ရောက်နိုင်ရန် အခြေအနေကောင်း ပိုင်ဆိုင်ထားပြီဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း မန်ယူအသင်းက ရိုးမားအသင်းကို အိမ်ကွင်း ၌ (၆-၂) ဂိုးဖြင့် အနိုင်ရထားပြီး အာဆင်နယ်အသင်းမှာမူ ဗီလာရီးယဲလ်အသင်းကို အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ထားသော်လည်း အဝေးဂိုးရရှိထားသဖြင့် ဗိုလ်လုပွဲတက်ရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။

ပရီးမီးယားလိဂ်အနေဖြင့် ယခုရာသီ အတွက် ၂၂ ဒသမ ၇၈၅ မှတ်ရရှိထားပြီး နောက်ဆုံးငါးရာသီအတွက် ရမှတ်စုစုပေါင်း ၉၈ ဒသမ ၉၉၇ ဖြင့် လာလီဂါပြိုင်ပွဲ၏ ငါး ရာသီပေါင်းရမှတ် ၉၇ ဒသမ ၄၂၆ ကိုကျော်၍ လိဂ်ပြိုင်ပွဲအဆင့်သတ်မှတ်ချက်စာရင်း တွင် အဆင့် ၁ နေရာ ရောက်ရှိလာခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်အနေဖြင့် ၂၀၁၈-၂၀၁၉ ရာသီတွင် ကိုယ်တိုင်တင်ရှိထားသည့် စံချိန်တင်ရမှတ် ၂၂ ဒသမ ၆၄၂ ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲ၌ ဗိုလ်စွဲပါက ရမှတ်နှစ်မှတ်စီ ထပ်တိုးမည်ဖြစ်ရာ ၂၀၁၅-၂၀၁၆ ရာသီတွင် လာလီဂါပြိုင်ပွဲ တင်ရှိထားသည့် သမိုင်းတစ်လျှောက် ရမှတ်အများဆုံးစံချိန်ကိုပါ ချိုးဖျက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုစာရင်းတွင် လာလီဂါပြိုင်ပွဲက ကိုးနှစ်ဆက်တိုက် ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အနေဖြင့် ၂၀၁၁-၂၀၁၂ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဆင့် ၁ နေရာ ပြန်လည်ရပ်တည်နိုင်ခြင်းဖြစ်သည်။ လာလီဂါမှာမူ ရီး ယဲလ်နှင့် ဗီလာရီးယဲလ်အသင်းတို့ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တွင် ဗိုလ်စွဲလျှင်ပင် လိုက်မမီနိုင်တော့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular