ဗိုလ်လုပွဲအကြိမ်
ဗီလာရီးယဲလ်-မန်ယူအသင်းတွေ့ဆုံမည့် ဗိုလ်လုပွဲသည် ယခင် UEFA ဖလားအပါအဝင် အကြိမ် ၅၀ ပြည့်ဖြစ်ပြီး ယူရိုပါလိဂ်အဖြစ် အမည်ပြောင်းလဲပြီး နောက်ပိုင်း ၁၂ ကြိမ်မြောက်ဖြစ်သည်။
ကစားမည့်အချိန်
မေလ ၂၆ ရက် ဥရောပအလယ်ပိုင်းစံတော်ချိန် ည ၉ နာရီ(မြန်မာစံတော်ချိန် မေလ ၂၇ ရက် နံနက် ၁း၃၀ နာရီ)ဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် ရက်အနည်းငယ်သာခြားကာ ကစားရမှုမှာ တတိယအကြိမ်မြောက် ဖြစ်သည်။
ကစားမည့်ကွင်း
ပိုလန်နိုင်ငံ၊ Gdansk မြို့ရှိ Stadion Miejski ကွင်းတွင် ကစားမည်ဖြစ်သည်။ ယင်းကွင်းမှာ ပရိသတ် ၄၁၆၂၀ ဦးဝင်ဆံ့ပြီး ယူရို-၂၀၁၂ ပြိုင်ပွဲ ပွဲစဉ် လေးပွဲ လက်ခံကျင်းပခဲ့သည်။ မူလက ၂၀၂၀ ဗိုလ်လု ပွဲကို ကျင်းပရမည်ဖြစ်သော်လည်း ကပ်ဘေးကြောင့် အပြောင်းအလဲပြုလုပ်ခဲ့သည်။
ပရိသတ်
ကွင်းဝင်ဆံ့ဦးရေ၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် ၉၅၀၀ ဦးသာ ဝင်ခွင့်ပြုမည်ဖြစ်သည်။ ဗိုလ်လုပွဲရောက် တစ်သင်းစီလျှင် လက်မှတ် ၂၀၀၀ စီသာရရှိပြီး UEFA.com မှ ရောင်းချမှုမှာ ၂၀၀၀ ရှိခဲ့သည်။
ဒိုင်လူကြီး
အသက် ၃၈ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား ကလီမွန်ကျူပန်က ယင်းပွဲကို ကိုင်တွယ်မည်ဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲတွင်လည်း ရွေးချယ်ခံထားရသည်။
VAR နှင့် လူစာရင်း
ပြီးခဲ့သည့် ရှုံးထွက်အဆင့်များကတည်းက VAR စ နစ်ကို အသုံးပြုလာပြီး ဗိုလ်လုပွဲတွင်လည်း ဆက်လက်သုံးစွဲမည်ဖြစ်သည်။ ငါးဦးလူစားလဲခွင့်ရှိပြီး အချိန်ပိုရောက်လျှင် တစ်ဦး ထပ်မံလဲခွင့်ရှိသည်။ ကစားသမားစာရင်းတွင် ၂၃ ဦးသာ ခွင့်ပြုသည်။
အိမ်ရှင်အသင်း
ဆီမီးဖိုင်နယ်ပွဲစဉ်မဲခွဲကတည်းက အာဆင်နယ်-ဗီလာရီးယဲလ်ပွဲနိုင်အသင်းကို သတ်မှတ်ခဲ့သည်။