မန်ချက်စတာယူနိုက်တက်အသင်းသည် ရာသီကြိုကာလတွင် မော်လ်တာနိုင်ငံ၌ လေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၏ ခရီးသွားလာခွင့် ကန့်သတ်မှုများကြောင့် ပရီးမီးယားလိဂ်အသင်းများအနေဖြင့် ရာသီကြိုလေ့ကျင့်မှု ပြုလုပ်မည့်နေရာ ရွေးချယ်ရာတွင် အခက်တွေ့နေကြသော်လည်း မော်လ်တာ နိုင်ငံမှာ မေလ၌ ကန့်သတ်ချက်များ လျှော့ချမည်ဟု သိရသည်။
ထို့ပြင် ဗြိတိန် အစိုးရ၏ ခရီးမှအပြန် Quarantine ဝင်ရန်မလိုသည့်နိုင်ငံစာရင်းတွင် မော်လ်တာနိုင်ငံ ပါဝင်လာဖွယ်ရှိနေသည့်အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ယင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။