spot_img

မော်ရင်ဟို ရဲ့ စပါးကို ချန်ပီယံလောင်းစာရင်း ထည့်လို့ရပြီလို့ တညီတညွတ်တည်းဆိုလာတဲ့ ဂွာဒီ ၊ နဗီးလ် နဲ့ ရက်နက်

မန်ချက် စတာ စီးတီး အသင်း နည်းပြကြီး ပက် ဂွာဒီယိုလာ ကတော့ စနေနေ့ က သူတို့ကို အနိုင် ကစားပြီး အမှတ်ပေး ဇယား ထိပ်ဆုံးကို ရယူ နိုင်ခဲ့တဲ့ မော်ရင်ဟို ရဲ့ တော့တင်ဟမ် ဟော့စပါး အသင်းဟာ ဒီရာသီ မှာ ပရီးမီးယားလိဂ် ချန်ပီယံလောင်း စာရင်းကို ဝင်ရောက် နိုင်ခဲ့ပြီလို့ ပြောဆို သွားခဲ့ ပါတယ် ။ Sky Sports သတင်း ဌာန ရဲ့ အစီအစဉ် တင်ဆက် သုံးသပ်သူတွေ ဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ် နဲ့ ဂျေမီ ရက်နက် တို့ကလည်း ဒီအဆို ကို ထောက်ခံ ခဲ့ကြပြီး မော်ရင်ဟို ရဲ့ စပါးဟာ ဒီနှစ် မှာ ဖလား ၁ ခုခု ရနိုင်တယ်လို့ ပြောဆို လာခဲ့ ကြပါတယ် ။

စပါး ဟာ စနေနေ့ က မန်စီးတီး အသင်း ကို အိမ်ကွင်းမှာ လက်ခံ ကစား ခဲ့ပြီး ဆွန်ဟောင်မင် ၊ လိုကယ်ဆို တို့ရဲ့ ဂိုးတွေနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ဒီပွဲမှာ စပါး ဟာ ကောင်းမွန်တဲ့ ခံစစ် ၊ တိကျတဲ့ အဆုံးသတ်မှုတွေ ပါဝင်တဲ့ တန်ပြန် တိုက်စစ် ဗျုဟာတွေကို ပိုင်ပိုင် နိုင်နိုင် ဖော်ဆောင် သွားခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲ ကို ရရှိခဲ့ ပါတယ် ။

myan789

မန်စီးတီး နည်းပြကြီး ပက်ဂွာဒီယိုလာ ကတော့ စပါး ဟာ အနိုင် ရလဒ် နဲ့ ထိုက်တန် ခဲ့တယ်လို့ ပြောဆို ခဲ့သလို မော်ရင်ဟို ရဲ့ ဦးဆောင်မှုအောက်မှာ စပါးကို ချန်ပီယံလောင်း စာရင်း သွင်းလို့ ရနေ ပါပြီလို့ ပွဲအပြီး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“အခု သူတို့ ဇယားထိပ် မှာပါ ။ ဒါကြောင့် ချန်ပီယံ လောင်း စာရင်းထဲ သွင်းလို့ ရပါပြီ ။ ရာသီ ကုန်ဖို့ ကတော့ အများကြီး ကစား ရဦး မှာပါ ။ ကျွန်တော်တို့ လည်း ဒီပြိုင်ပွဲ ထဲ မှာ ဆက်ရှိ နေမယ်လို့ ယုံပါတယ်” လို့ ဂွာဒီ က ပြောဆို ခဲ့ ပါတယ် ။ Sky Sports ကနေ တင်ဆက် ခဲ့ကြတဲ့ ဂယ်ရီ နဗီးလ် နဲ့ ဂျေမီ ရက်နက် တို့ကလည်း မော်ရင်ဟို ကို ချီးကျုး ခဲ့ကြပြီး စပါး ကို လျော့တွက်လို့ မရတော့ကြောင်း သုံးသပ် ပြောဆို ခဲ့ကြပါတယ် ။

“စပါး မှာ လွန်ခဲ့တဲ့ နှစ် အနည်းငယ်လောက် ကတည်းက တောင့်တင်းတဲ့ လူစာရင်း ရှိခဲ့ တာပါ ။ ကစားပုံ လည်း ကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ ဘာမှ မရခဲ့ ပါဘူး ။ ပိုချက်တီနို လက်အောက် မှာ စပါးရဲ့ ကစားပုံ က ကြည့်ပျော်ရှုပျော် ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် မှာတော့ ဖလား လက်မဲ့ ရာသီ ကိုပဲ ပိုင်ဆိုင် ခဲ့တာပါ”

“စပါး ပရိသတ် တစ်ယောက် ကို မေးကြည့်ပါ ၊ ဒီနှစ် နဲ့ အရင်နှစ်တွေ မှာ ဘယ်နှစ် ကို ပိုပြီး ရင်ခုန်မိလဲ လို့ မေးရင် ဒီနှစ်လို့ ဖြေမှာပါ ။ ဘာလို့လဲ ? မော်ရင်ဟို ကြောင့်ပါ ။ စီးတီး နဲ့ ပွဲမှာ စပါး တို့ ကစားပုံ မကောင်းဘူး လို့ ထင်ကြမှာပါ ၊ ဒါပေမယ့် တကယ်တမ်း သူတို့ ဗျုဟာ ကျကျ ကစား သွားခဲ့ တာပါပဲ ။ ဒါ အရင်တုန်းက မော်ရင်ဟို ရဲ့ စတိုင် အစစ်ပါ” လို့ ရက်နက် က ပြောဆိုခဲ့ ပါတယ် ။

ဂယ်ရီ နဗီးလ် ကလည်း “လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် လောက်က စပါး တို့ ဖလား မရနိုင်ဘူး လို့ ကျွန်တော်တွေး ခဲ့ ပါတယ် ။ ဒါက အခုထိ မပြောင်းလဲ သေးပါဘူး ။ ဒါပေမယ့် သူတို့ ဒီအတိုင်း ဆက်သွား နိုင်မယ် ၊ အမှတ်တွေ ရအောင် ယူနိုင်မယ် ဆိုရင်တော့ ချန်ပီယံလောင်း စာရင်းကို ထည့်ရ မှာပါ ။ ထည့်လည်း ထည့်သင့်ပါတယ်” လို့ ပြောဆို ထောက်ခံ သွားခဲ့ ပါတယ် ။

စပါး ဟာ လာမယ့် အပတ် မှာတော့ အမှတ်ပေး ဇယား ထိပ်နားမှာ ရှိနေတဲ့ ချဲလ်ဆီး ရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ လီဗာပူး ၊ အာဆင်နယ် ၊ ဝုဗ် တို့ ကို ၂၀၂၀ မကုန်ခင် မှာ ဆက်တိုက် ရင်ဆိုင် ကစား သွားရ မှာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular