spot_img

မော်ရင်ဟိုနဲ့ အမြင်မတူကြောင်း ပြသရင်း ပေါ်တူဂီသားကို ပါးပါးလေးပုတ်လိုက်ပြန်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ လက်ကျန် ပွဲစဥ် ၂ ပွဲ အဖြစ် ဖူလ်ဟမ် ၊ ဝုလ်ဗ် အသင်းတွေနဲ့ ကစားရဖို့ ကျန်ရှိနေသေးပြီး အဆိုပါ ပွဲစဥ်မှ တစ်ပွဲကို အနိုင် ရရှိရုံနဲ့ အမှတ်ပေး ဇယား အဆင့် 2 နေရာနဲ့ ဘောလုံး ရာသီကို ပိတ်သိမ်း သွားနိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါဟာ ဆိုးလ်ရှားအတွက်တော့ ယူနိုက်တက် နည်းပြဘဝရဲ့ ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်သွားနိုင်ဖို့ ရှိနေပါတယ် ။ ဒါ့အပြင် ဆိုးလ်ရှား ဦးဆောင်တဲ့ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်လှမ်း ထားနိုင်ခဲ့ပါသေးတယ် ။

myan789

အခြားတစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ 2017 – 18 ဘောလုံး ရာသီတုန်းက သရဲနီတို့ဟာ ရာသီ အကုန်မှာ အဆင့် 2 နေရာနဲ့ ဘောလုံး ရာသီကို ပိတ်သိမ်း နိုင်ခဲ့ပါသေးတယ် ။

အဆိုပါ အချိန်တုန်းကတော့ ဟိုဆေး မော်ရင်ဟိုက အခုလို အမှတ်ပေးဇယား ဒုတိယ နေရာနဲ့ ဘောလုံးရာသီ ပိတ်သိမ်း နိုင်ခဲ့ခြင်းက သူ့ရဲ့ ယူနိုက်တက် နည်းပြဘဝ အကြီးမားဆုံး အောင်မြင်မှု ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ် ။

ဒါပေမယ့် ဆိုးလ်ရှား ကတော့ အဆင့် 2 နေရာနဲ့ ရာသီ ပိတ်သိမ်း နိုင်ခဲ့မယ်ဆိုရင် အောင်မြင်တဲ့ ဘောလုံး ရာသီ ပိုင်ဆိုင် နိုင်မလားလို့ အမေးခံလိုက်ရချိန်မှာတော့ ဒါကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လို့သာ ပြောလို့ ရနိုင်မှာ ဖြစ်ကြောင်း နော်ဝေးသားက ဖြေကြား သွားခဲ့လိုက် ပါတယ် ။

” အခု ပြိုင်ပွဲက ကျွန်တော့်ရဲ့ ကစားသမားဘဝ တုန်းကထက် အတော်လေး ခက်ခဲလာခဲ့ပါပြီ ။ သုံး ၊ လေး (သို့) ငါးသင်းလောက် အထိတောင် ထိပ်သီးနှစ်သင်း နေရာကို ပိုင်ဆိုင်နိုင်ဖို့ အကြိတ်အနယ် ယှဥ်ပြိုင်နေခဲ့ကြရပါပြီ ”

” လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ တူညီတဲ့အသင်း နှစ်သင်းကပဲ ဒီနေရာကို လုခဲ့ကြရပါတယ် ။ ကျွန်တော်တို့ အတွ်က်တော့ ပြိုင်ပွဲထဲမှာ သူတို့ နှစ်သင်းကြား ဝင်ရောက် နိုင်ခဲ့တာက ကောင်းမွန်လှပါတယ် ။ ဒါကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လို့ ပြောဆိုလို့ရနိုင်ပါတယ် ။ ဒါပေမယ့် အောင်မြင်မှု တစ်ခုလို့တော့ ပြောလို့ မရနိုင်ပါဘူး ။ ဒါက အောင်မြင်မှု မဟုတ်ပါဘူး ”

” အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ အဆင့်တွေ ကျော်ဖြတ်ခဲ့ကြရပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ရှိချင်တဲ့ နေရာမှာတော့ မရှိကြသေးပါဘူး ။ အသင်း တစ်သင်း အဖြစ် ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ သိကြပါတယ် ။ ဒါဟာ ပြိုင်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုပါ ၊ ဒါကို တိုးတက်စေနိုင်ဖို့ လိုအပ်လှ ပါတယ် ”

” ဒါပေမယ့် ကျွန်တော်တို့ဟာ နေရာ အတော်များများမှာ တိုးတက်ကောင်းမွန် လာခဲ့ကြတယ်လို့ ကျွန်တော် ခံစားနေရပြီး ကစားသမားတွေရဲ့ စွမ်းဆောင်မှု အပေါ် ကျေနပ်မိ ပါတယ် ။ ကျွန်တော် သူတို့အပေါ် အထင်ကြီးမိတယ်လို့ ပြောပါရစေ ၊ ဒါပေမယ့် ကျွန်တော်တို့ နောက်အဆင့်ကို တက်လှမ်းလိုကြတဲ့သူတွေပါ ” လို့ ဆိုးလ်ရှားက ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular