ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပထမပိုင်းအပြီးမှာ မေဆင်မောင့်ကို မဖြစ်မနေ လူစားလဲလိုက်ရခြင်းဖြစ်ကြောင်း ဝန်ခံလာခဲ့ပါတယ်။
မေဆင်မောင့်ဟာ ဒီနှစ်ရာသီ ယူနိုက်တက်အတွက် နှစ်ပွဲဆက်အဖြစ် မနေ့ည ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဒုတိယပိုင်းအစမှာတင် ဇက်ခ်ဇီနဲ့ လူစားလဲခံခဲ့ရပါတယ်။
တန်ဟတ်က အင်္ဂလန်သားနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေမယ့် ချဲလ်ဆီးကနေ ပေါင်းသန်း၆၀နဲ့ရောက်လာပြီးနောက် မကြာခဏ ဒဏ်ရာရနေတဲ့ မေဆင်မောင့်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
တန်ဟတ်က “သူ့မှာ ပြဿနာအချို့ရှိနေပါတယ်။ မေဆင်ရဲ့ဒဏ်ရာမှတ်တမ်းကိုလည်း ကျွန်တော်တို့ သိထားတာကြောင့် လူစားလဲလိုက်တာပါ။
ဘယ်လောက်ထိ စိုးရိမ်စရာရှိလဲဆိုတာ မသိသေးပါဘူး။ အခုလည်း အဲ့ဒီအကြောင်း မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ အရန်ကစားသမားကောင်းတွေရှိနေတာကြောင့် မဆိုင်းမတွဘဲ ဇက်ခ်ဇီကို ထည့်ကစားလာတာပါ။ မောင့်ကို ထုတ်ပြီး အသင်းအပေါ် ပိုအကျိုးပြနိုင်မယ်ထင်တဲ့ ကစားသမားကို ထည့်လိုက်တာပါပဲ။”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ အိမ်ကွင်းမှာ ပွဲကြီးပွဲကောင်းကစားရမှာပဲ ဖြစ်ပါတယ်။