အင်တာမိုင်ယာမီအသင်း၏ တိုက်စစ်မှူး မက်ဆီသည် ၂၀၂၃ ရာသီ မေဂျာလိဂ်မျက်နှာသစ် ကစားသမားဆုနှင့် လွဲချော်သွားခဲ့ကြောင်း သိရသည်။
မက်ဆီသည် မေဂျာလိဂ်ပြိုင်ပွဲတွင် ပွဲအ နည်းငယ်သာ ကစားခွင့်ရခဲ့သော်လည်း မျက်နှာသစ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကြာသပတေးနေ့က ဆုရရှိသူကို ကြေညာရာတွင် အတ္တလန် တာယူနိုက်အသင်းမှ ဂရိတိုက်စစ်မှူး ဂျီယာကူမာကစ်က မက်ဆီကို ကျော်ဖြတ်ကာ အဆိုပါဆုကို ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။