spot_img

မီလန်မြို့ခံနှစ်သင်းဖြစ်သည့် အင်တာမီလန်နှင့် အေစီမီလန် ပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်လာရန် နီးစပ်

မီလန်မြိို့ခံနှစ်သင်းဖြစ်သည့် အင်တာမီလန်နှင့် အေစီမီလန်အသင်းတို့သည် ပိုင်ရှင်အသစ်များလက်ထဲသို့ ရောက်ရှိဖွယ်ရှိနေကြောင်း အီတလီမီဒီယာများ ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်းကို ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံအခြေစိုက် ဆန်နင်းစီးပွားရေးအဖွဲ့အစည်းသည် ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်နေရကာ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ၎င်းတို့ပိုင် တရုတ်စူပါလိဂ်ကလပ် ကျန်းဆုဆန်နင်းအသင်းကို ဖျက်သိမ်းခဲ့သည်။

myan789

အဆိုပါဖြစ်ရပ်မတိုင်မီကတည်းက ဆန်နင်းစီးပွားရေးအဖွဲ့အစည်းသည် အင်တာမီလန်အသင်းအတွက် ရှယ်ယာရှင်အသစ်များ မျှော်လင့်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

အင်တာမီလန်အသင်း၏ ရှယ်ယာများကို ဝယ်ယူရန် (သို့မဟုတ်) အသင်းအား လွှဲပြောင်းဝယ်ယူရန် အမေရိကန်နှင့် ဗြိတိန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ချဉ်းကပ်ခဲ့ကြသော်လည်း အဆင်မပြေသေးကြောင်း သိရသည်။

ယခုအခါ အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Fortress က အင်တာမီလန်အသင်း၏ ရှယ်ယာများဝယ်ယူရန် ကမ်းလှမ်းထားပြီး အဆိုပါကမ်းလှမ်းမှုကို အင်တာမီလန်အသင်း လက်ခံစဉ်းစားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

Fortress သည် အင်တာမီလန်အသင်း၏ ရှယ်ယာအချို့ကို ယူရိုသန်း (၂၅၀)ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဆန်နင်းစီးပွားရေးအဖွဲ့အစည်း သည် အင်တာမီလန်အသင်းကိုရောင်းချခြင်းမှ ယူရို (၁)ဘီလီယံရရှိရန် မျှော်လင့်ထားပြီး Fortress မတိုင်မီက ဗြိ တိန်အခြေစိုက် BC Partners သည် ယူရိုသန်း (၇၀၀)မှ (၈၀၀)ကြားဖြင့် အင်တာမီလန်ကို ဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ပိုင်ရှင်အပြောင်းအလဲများကြောင့် ပုံရိပ်ကျဆင်းခဲ့သော အေစီမီလန်အသင်းသည်လည်း ပိုင်ရှင်အသစ်လက်ထဲသို့ ထပ်မံရောက်ရှိဖွယ်ရှိနေသည်။

လက်ရှိအချိန်တွင် အေစီမီလန်အသင်းကို အမေရိကန်စီမံခန့်ခွဲမှုကုမ္ပဏီ Elliott ပိုင်ဆိုင်ထားပြီး ယခုအခါ နာမည်ကျော် World Lab Technologies တည်ထောင်သူ အလက်ဇန်းဒါးယူကော့ဗ်က ဝယ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။

World Lab Technologies မှ ထုတ်ပြန်သည့်ကြေညာချက်ထဲတွင် ”မိမိတို့၏ လုပ်ငန်းတည်ထောင်သူ မော်လ်ဒိုဗာ စီးပွားရေးလုပ်ငန်းရှင် အလက်ဇန်းဒါးယူကော့ဗ်သည် အေစီမီလန်အသင်း၏ ရှယ်ယာများဝယ်ယူ၍ အားကစား စီးပွားရေးလောကထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေကြောင်း”ဟု ဖော်ပြပါရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular