spot_img

မီလန်ကို စွန့်ခွာပြီး ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့တော့မယ့် မိုရာတာ

စပိန် တိုက်စစ်ကစားသမား အဲလ်ဗာရို မိုရာတာကတော့ အခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ အေစီမီလန်အသင်းကို စွန့်ခွာပြီး တူရကီ စူပါလိဂ် ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့သွားတော့မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အသက်(၃၂)နှစ်အရွယ် စပိန်လက်ရွေးစင် တိုက်စစ်မှူး မိုရာတာဟာ ဒီနွေကမှ အသက်လက်တီကို မက်ဒရစ်ကနေ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီထဲ မီလန်အတွက် ပြိုင်ပွဲစုံ (၂၅)ပွဲအထိ ကစားထားနိုင်ခဲ့ပေမယ့် စုစုပေါင်း သွင်းဂိုးကတော့ (၆)ဂိုးသာ သွင်းယူနိုင်ခဲ့သလို (၂)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

myan789

မီလန်ရဲ့ တိုက်စစ်မှာ မိုရာတာအပြင် အေဘရာဟမ် ဂျိုဗစ်တို့လို အထောင်တိုက်စစ် ကစားသမားတွေလည်း ရှိနေသလို ဖိုင်ယင်နော့က မက္ကဆီကို တိုက်စစ်မှူး ယီမီနက်ဇ်ကိုပါ ချဉ်းကပ်နေတဲ့အတွက် မိုရာတာ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရင်း ဂါလာတာစာရေးအသင်းက မိုရာတာကို စတင် ဆက်သွယ်လာပါတယ်။

Alvaro Morata set to leave Milan for Galatasaray

ဂါလာတာစာရေးအသင်းက တိုက်စစ်ပိုင်းမှာ အိုဆီမန် ဘတ်ရှုအာယီ အီကာဒီ မာတန်းစ်တို့လို တိုက်စစ်ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့် အီကာဒီက ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသလို အသင်းရဲ့ သွင်းဂိုးအတွက် အိုဆီမန်တစ်ဦးတည်းကိုသာ ပိုမို အားကိုးနေရပါတယ်။

ဒါ့အပြင် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ဇီယက်ရှ်ကိုပါ လက်လွတ်ထားခဲ့ရတာကြောင့် ဆောင်းဈေးကွက်ထဲ တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့ရင်း အခုတော့ မိုရာတာကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပြီ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂါလာတာစာရေးဟာ မိုရာတာကို ရာသီကုန်အထိ အငှားစာချုပ်အပြင် ယူရို(၁၆)သန်းတန် အပြီးသတ် ခေါ်ယူခွင့်နဲ့ပါ ခေါ်ယူဖို့ သဘောတူညီမှု ရရှိနိုင်တော့မယ်လို့ သိရပါတယ်။

မိုရာတာဟာ ကစားသမားဘဝတစ်လျှောက် ရီးယဲလ်မက်ဒရစ် ဂျုဗင်တပ်စ် ချယ်လ်ဆီး အသက်လက်တီကိုနဲ့ အေစီမီလန်တို့လို ထိပ်တန်းကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသလို ရီးယဲလ်နဲ့ ဂျုဗင်တပ်စ်တို့မှာလည်း နှစ်ကြိမ်တိုင်တိုင် ကစားဖြစ်ခဲ့ပါတယ်။ အခုတော့ မိုရာတာက တူရကီ ဘောလုံးနယ်မြေမှာ စတင် ကျင်လည်ခွင့် ရရှိနိုင်တော့မှာဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေနဲ့ပါ ရင်ဆိုင်သွားရပါတော့မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular