spot_img

မီနာမီနိုအား ဆောက်သမ်တန်အသင်းသို့ အငှားချခဲ့ခြင်းကို ယာဂန်ကလော့ပ် ရှင်းလင်း

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းကွင်းလယ်တိုက်စစ်ကစားသမား မီနာမီနိုအား ဆောက်သမ်တန်အသင်းထံသို့ အငှားချခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် မီနာမီနိုအား ဆောက်သမ်တန်အသင်းထံသို့ ယခုရာသီကုန်အထိ အငှားချခဲ့ခြင်းဖြစ်သည်။

myan789

မီနာမီနိုသည် ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆာ့လ်ဇ်ဘာ့ဂ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင်(၇.၂၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် (၉)ပွဲသာ ကစားခွင့်ရခဲ့သော်လည်း ပွဲထွက်အဖြစ် (၄)ပွဲသာ ကစားခွင့်ရခဲ့သည်။

ကလော့ပ်က မိမိအနေဖြင့် မီနာမီနိုကို ခြေစွမ်းပြနိုင်အောင် ပွဲကစားခွင့်မပေးနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

“မီနာမီနိုကို အငှားချမယ့်ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အများကြီးစဉ်းစားခဲ့ပါတယ်။ မီနာမီနိုက တကယ်ကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို အခွင့်အရေးတွေ အများကြီးမပေးနိုင်ခဲ့ပါဘူး။ ဒါက အမှန်တရားပါပဲ။ ကျွန်တော်တို့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မီနာမီနိုကို ကစားခွင့်အများကြီး မပေးနိုင်ခဲ့တာပါ။ မီနာမီနိုဟာ အသင်းရဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်သူပါ။ သူ့အနေနဲ့ ဆောက်သမ်တန်အသင်းမှာ အခွင့်အရေးတွေရပြီး ယုံကြည်မှုအသစ်နဲ့ အသင်းကို ပြန်လာပါလိမ့်မယ်။ ဒါက အားလုံးအတွက် ကောင်းတဲ့အခွင့်အရေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ကလော့ပ်က ပြောကြားခဲ့သည်။

ထို့ပြင် မီနာမီနိုမှာ ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ပြီး ဆောက်သမ်တန်အသင်းတွင် ခြေစွမ်းပြနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular