ရီးယဲလ်အသင်း၏ အမှုဆောင်ချုပ် အိန်ဂျယ်လ်ဆန်းချက်ဇ်က ၀ါရင့်ကွင်းလယ်ကစားသမား မိုဒရစ်နှင့် လမ်းခွဲရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့သည်။
မိုဒရစ်(၃၈ နှစ်)သည် ယခုရာသီ၌ ပွဲကစားခွင့်လျော့နည်းလာသည့်အတွက် ရီးယဲလ်အသင်းနှင့် လမ်းခွဲရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ဆော်ဒီလိဂ်သို့ ရောက်ရှိနိုင်ကြောင်းလည်း ထင်ကြေးပေးလာကြသည်။
အိန်ဂျယ်လ်ဆန်းချက်ဇ်ကမူ မည်သည့်ဆွေးနွေးမှုမျှ မရှိကြောင်း နှင့် လက်ရှိအချိန်၌ မိုဒရစ်နှင့် လမ်းခွဲရန် အစီအစဉ်မရှိသေးကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
မိုဒရစ်သည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ၈ ပွဲကစားထားသော်လည်း ၃ ပွဲသာ ပွဲထွက်ကစားခွင့်ရထားပြီး ၅ ပွဲမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။