လီဗာပူးအသင်းသည် ကွင်းလည်ကို ပြန်လည်တည်ဆောက်နေပြီး မိုချန်ဂလာဘက်ချ်ကွင်းလယ်ကစားသမား မာနူကိုနီကို စိတ်ဝင်စားနေသည်။
ပြင်သစ်ကစားသမား ကိုနီသည် ဂျာမန်ကလပ်အသင်းတွင် ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ခု၌ ခြေစွမ်းပြကစားနိုင်ခဲ့သည်။ အဆိုပါ ဘောလုံးရာသီများအတွင်း မိုချန်ဂလာဘက်ချ်အတွက် ပွဲပေါင်း ၆၀ ကျော်ကစားကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းများကြောင့် လီဗာပူးအပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားလာခြင်း ဖြစ်သည်။
ကလော့ပ်သည် အန်ဖီးအခြေစိုက်အသင်း၏ ကွင်းလယ်ကို ပြန်လည်တည်ဆောက်ရန် အဓိက ကြိုးစားနေပြီး ဘရိုက်တန်အသင်းမှ မက်ကယ်လစ္စတာကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။ လီဗာပူးအသင်းကွင်းလယ်မှ မီလ်နာ အောက်စလိတ်ချိန်ဘာလိန်နှင့် နာဘီကီတာတို့ ထွက်ခွာမည်ဖြစ်ပြီး ကလော့ပ်သည် နောက်ထပ် ကွင်းလယ်လူတစ်ဦးကို ကျိန်းသေခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသည်။

ကိုနီသည် ကွင်းလယ်တွင် နေရာစုံကစားနိုင်ပြီး တိုက်စစ်ကို လမ်းဖွင့်ပေးသည့် ဘောလုံးပေးပို့မှုများကို ပြုလုပ်ပေးနိုင်သူဖြစ်သည်။ ထို့ပြင်အသင်းက ဘောလုံးဆုံးရှုံးသွားချိန်တွင်လည်း ကလော့ပ်အကြိုက်လှုပ်ရှားနိုင်မည့်ကစားသမားတစ်ဦးဖြစ်သည်ဟု သတင်းများက သုံးသပ်ဖော်ပြသည်။