spot_img

မိမိ၏ နည်းပြဘဝတွင် အခက်ခဲဆုံး ပြိုင်ဘက်အသင်းမှာ လီဗာပူးလ်အသင်းဖြစ်သည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ သုံးသပ်

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက သူ၏ နည်းပြသက်တမ်းတွင် ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်အသင်းမှာ လီဗာပူးလ်အသင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ပရီးမီးယားလိဂ်သို့ ရောက်ရှိလာပြီးကတည်းက အမှတ်ပေးချန်ပီယံဆုကို အကြိမ်ကြိမ် ရယူနိုင်ခဲ့သော်လည်း လီဗာပူးလ်အသင်းကို ကျော်ဖြတ်အနိုင်ရရန် ကြိုးစားရခြင်းမှာ အခက်ခဲဆုံး လုပ်ဆောင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

myan789

လက်ရှိဘောလုံးရာသီတွင်လည်း မန်စီးတီးအသင်းသည် လီဗာပူးလ်အသင်းထက် (၆) မှတ်အသာရထားသော်လည်း လီဗာပူးလ်အသင်းက တစ်ပွဲလျော့အနေအထားတွင် ရှိနေပြီး အမှားမခံသည့် အခြေအနေမျိုးလည်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဂွါဒီယိုလာက ”ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသလိုပဲ မန်နေဂျာဘဝမှာ ပရီးမီးယားလိဂ်အောင်မြင်မှု (၃) ကြိမ် ရယူနိုင်ခဲ့တယ်ဆိုတာ အအောင်မြင်ဆုံးအရာ ဖြစ်ပါတယ်။ နောက်ဆုံး (၄)နှစ်အတွင်းမှာ ကျွန်တော် (၃) ကြိမ်တောင်ဗိုလ်စွဲခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းဟာ နိုင်ပွဲပြီးရင် နိုင်ပွဲအမြဲလိုအပ်နေတယ်။ ခြေချော်လို့ကို မရတဲ့ အခြေအနေမျိုးနဲ့ အမြဲရင်ဆိုင်နေရတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တောင် ကိုယ်မဟုတ်သလို ဖြစ်လာတယ်။ ကျွန်တော်တို့က အမြဲ နှိိမ့်ချတဲ့ စိတ်နဲ့ ကြိုးစားနေပြီး တစ်ပွဲပြီး တစ်ပွဲ၊ တစ်ပွဲပြီး တစ်ပွဲ အနိုင်ရဖို့ ကြိုးစားနေသလို၊ ကျွန်တော့်ကစားသမားတွေကလည်း ဒါကို နှစ်ပေါင်းများစွာ လုပ်နေကြရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်ရဲ့ နည်းပြဘဝသက်တမ်းတစ်လျှောက် ရင်ဆိုင်ခဲ့ဖူးသမျှ အသင်းတွေထဲမှာ အခက်ခဲဆုံးပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်နေရတာပဲ။ ဖလားတွေ၊ အောင်မြင်မှုတွေအတွက် သူတို့နဲ့ အမြဲရင်ဆိုင်နေရပြီး သူတို့ကို ကျော်ဖြတ်အနိုင်ယူနိုင်ခြင်းဟာ ကျွန်တော့်ဘဝမှာ အကြီးမားဆုံး အောင်မြင်မှုတွေဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် မန်ယူအသင်းနှင့် ကစားခဲ့သည့် မန်ချက်စတာဒါဘီပွဲနှင့်ပတ်သက်၍လည်း ”ပထမပိုင်းမှာ Pressing လုပ်သလို ဒုတိယပိုင်းမှာ သူတို့ မလုပ်နိုင်ခဲ့ကြဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားကွက်တည်ဆောက်နိုင်ဖို့ နည်းနည်းလေးအခက်တွေ့ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပိုကောင်းလာပါတယ်။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံး (၈)ပွဲဆက် မရှုံးခဲ့ဘူးဆိုတာကို မမေ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကစားခဲ့တဲ့ ဒုတိယပိုင်းက ခြေစွမ်းဟာ ဒီဘက်နှစ်တွေမှာ ကျွန်တော်တို့အသင်းရဲ့အကောင်းဆုံးကစားပုံတွေထဲက တစ်ခုဖြစ်ခဲ့တယ်။ ဘာနာဒိုဆေးလ်ဗားက ကစားကွက်အခင်းအကျင်းမှာ အမြဲတမ်းပါဝင်ခဲ့သလို အားလည်းကောင်းခဲ့ကြပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular