မာရာဒိုနာ ကို ဂုဏ်ပြုတဲ့ အနေနဲ့ နံပါတ် ၁၀ ကို ဘယ်ပြိုင်ပွဲမှ မဝတ်ဖို့ တောင်းဆိုလိုက်တဲ့ ဘိုအာ့စ်

မာဆေး အသင်း ကို နည်းပြ နေတဲ့ အန်ဒရီ ဗီလက်စ် ဘိုအာ့စ် ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ကွယ်လွန် သွားခဲ့တဲ့ ဘောလုံး ဂန္ထဝင်ကြီး ဒီယေဂို မာရာဒိုနာ နဲ့ ပတ်သက်ပြီး ဘယ်သူမှ မရဖူး သေးတဲ့ ဂုဏ်ပြုမှုမျိုးနဲ့ ဂုဏ်ပြု ပေးဖို့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကို တောင်းဆို သွားခဲ့ ပါတယ် ။ အဲ့ဒါ ကတော့ မာရာဒိုနာ ဝတ်ဆင် ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဖီဖာ ရဲ့ ပွဲတွေ မှာ ထာဝရ အနားပေးဖို့ ပဲ ဖြစ်ပါတယ် ။

ရာစုနှစ် ရဲ့ အကောင်းဆုံး ကစား သမား အဖြစ် ဘရာဇီး အကျော် အမော်ကြီး ပီလီ နဲ့ အတူ သတ်မှတ် ခံခဲ့ ရတဲ့ ဒီယေဂို မာရာဒိုနာ ဟာ အသက် ၆၀ အရွယ် မှာ ရုတ်တရက် နှလုံး ဖောက်မှု နဲ့ ကွယ်လွန် သွားခဲ့ ပါတယ် ။ မာရာဒိုနာ ရဲ့ ကွယ်လွန်မှု ဟာ ဘောလုံး ကမ္ဘာကြီး ကို ဝမ်းနည်း တိတ်ဆိတ် စေခဲ့ ပါတယ် ။

myan789

ကမ္ဘာ အရပ်ရပ် မှာ မာရာဒိုနာ အတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ်တွေ ပြုလုပ် ပေးခဲ့ ကြပြီး မိခင် နိုင်ငံ အာဂျင်တီးနား ၊ မာရာဒိုနာ ရဲ့ အောင်မြေ ဖြစ်ရာ နေပယ်မြို့ ( အီတလီ ) တို့ မှာတော့ ဝမ်းနည်းခြင်း အခမ်းအနားတွေ ကို အကြီးအကျယ် ပြုလုပ် နေခဲ့ ကြပါတယ် ။

မာရာဒိုနာ ဟာ အာဂျင်တီးနား ၊ ဘာစီလိုနာ ၊ နာပိုလီ နဲ့ ဘိုကာဂျူနီယာ အသင်းတွေ မှာ ကစား ခဲ့စဉ်က ကျောနံပါတ် ၁၀ ကို ဝတ်ဆင် ခဲ့သူ ဖြစ်ပါတယ် ။ နာပိုလီ အသင်းကတော့ မာရာဒိုနာ မကစားတော့ ချိန် ကတည်းက နံပါတ် ၁၀ ကို ထာဝရ အနားပေး ထားခဲ့သလို ကွယ်လွန် ချိန် မှာလည်း ကွင်းအမည် ကို မာရာဒိုနာ အမည် အဖြစ်ပြောင်းလဲ ဖို့ စဉ်းစား နေတယ်လို့ သိရ ပါတယ် ။

ဒါကြောင့် မာဆေး နည်းပြ ဘိုအာ့စ် ကလည်း ဖီဖာ အနေနဲ့ မာရာဒိုနာ ကို အနှိုင်းမဲ့ ဂုဏ်ပြုမှု အဖြစ် နံပါတ် ၁၀ ကို ဘယ်ပြိုင်ပွဲ မှာမှ ဝတ်ဆင်ခြင်း မပြုဘဲ အနားပေး သင့်တယ်လို့ တောင်းဆိုမှု ပြုလုပ် သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

“ဒီယေဂို ကွယ်လွန်တာက တကယ့် သတင်းဆိုးပါပဲ ။ သူက ပေါ်တို ရဲ့ ဘုတ်အဖွဲ့ဝင် တစ်ယောက်ပါ ၊ ပြီးတော့ ကျွန်တော့ အတွက်လည်း အရမ်း အရေးပါ ပါတယ် ။ နည်းပြ ဘ၀ ကို ဝင်ဖို့ ပထမဆုံး တံခါးဖွင့် ကြိုဆို ခဲ့တာက မာရာဒိုနာပါ” လို့ ချန်ပီယံလိဂ် ပွဲစဉ် အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး “ဖီဖာ အနေနဲ့ မာရာဒိုနာ ကို ဂုဏ်ပြု တဲ့ အနေနဲ့ ကျောနံပါတ် ၁၀ ကို ဘယ်ပြိုင်ပွဲမှာ ဘယ် အသင်းကို မှ ဝတ်ဆင်ဖို့ ခွင့်မပြုဘဲ ထာဝရ အနားပေး စေချင်ပါတယ် ။ ဒါဟာ သူ့အတွက် ကျွန်တော်တို့ လုပ်ပေး နိုင်မယ့် အကောင်းဆုံး အရာပါ ။ သူ ကွယ်လွန်တာဟာ ဘောလုံး ကမ္ဘာကြီး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ပါပဲ” လို့လည်း ဘိုအာ့စ် က ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာ ကလည်း မာရာဒိုနာ ကွယ်လွန်မှု အတွက် ဝမ်းနည်းကြောင်း ပြောဆို သွားခဲ့ ပါတယ် ။ စီးတီး တိုက်စစ်မှူး အဂွေရို ဟာ မာရာဒိုနာ ရဲ့ သမီး ဖြစ်သူ နဲ့ လက်ထပ် ခဲ့ပြီး ( လက်ရှိ ကွာရှင်း ) သား တစ်ယောက် ထွန်းကား ထားခဲ့တာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular