လာဇီယိုအသင်းသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် စပိန်ဝါရင့်ကွင်းလယ်လူ မာတာကို (၂)နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့ကြောင်း La Repubblica က ဖော်ပြခဲ့သည်။
လာဇီယိုအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေသည့် မာတာကို တစ်နှစ်လစာ ယူရို (၄)သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းစာက ရေးသားခဲ့သည်။
သို့သော် ကစားသမားဘက်က အဆိုပါကမ်းလှမ်းမှုကို လက်မခံသေးဘဲ တစ်နှစ်လစာ ယူရို (၅)သန်း ရရှိရန်အလိုရှိနေကြောင်း သိရသည်။
မာတာ(၃၃ နှစ်)သည် မန်ယူအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၁၄)ပွဲတွင် (၂)ဂိုးသွင်းယူထားသည်။