မန်ယူအသင်းတွင် စီရော်နယ်လ်ဒို ဆက်ကစားတော့မည်မဟုတ်ကြောင်း ၎င်းနှင့်ရင်းနှီးသည့် နာမည်ကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန် က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နွေကမှ မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ လာခဲ့သည့် စီရော်နယ်လ်ဒိုသည် ယခုနွေတွင် အသင်းမှထွက်ခွာရန်တောင်းဆိုထားပြီး လက်ရှိအချိန်ထိ အသင်းနှင့်ပူးပေါင်းခြင်းမရှိသေးကြောင်း သိရှိရသည်။
ပီယာ့စ်မော်ဂန်က “ပြီးခဲ့တဲ့တစ်ပတ်က စီရော်နယ်လ်ဒိုနဲ့ အတော်လေး စကားပြောဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းပြောင်းဖို့ စိတ်ဆုံးဖြတ်ပြီးပြီဖြစ်ပြီး မန်ယူအသင်းမှာ ဆက်ကစားလိမ့်မယ်လို့ ကျွန်တော် မထင်တော့ပါဘူး”ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုုသည် မန်ယူအသင်းမှထွက်ခွာရန်အတွက် နည်းလမ်းမျိုးစုံရှာဖွေနေပြီး ၎င်းအားခေါ်ယူမည့်အသင်းသစ်အတွက် လစာ ၃၀% လျှော့ယူကာ ကစားပေးရန်စီစဉ်နေကြောင်းလည်းသိရသည်။