spot_img

မန်ယူအသင်း ရလဒ်ဆိုးတိုင်း စီရော်နယ်လ်ဒို အပြစ်တင်ခံနေရခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ဖီဂို ပြောကြား

ပေါ်တူဂီဂန္ထဝင် ဖီဂိုက မန်ယူအသင်း ရလဒ်ဆိုးတိုင်း စီရော်နယ်ဒို အပြစ်တင်ခံနေရခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကမှ ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

myan789

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းကို ပြန်ရောက်လာကတည်းက ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၄)ပွဲတွင် (၁၀)ဂိုး သွင်းယူထားသော်လည်း မန်ယူအသင်း ရလဒ်ဆိုးများနှင့် ကြုံတွေ့ရတိုင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

ဖီဂိုက “မန်ယူအသင်းမှာ စီရော်နယ်လ်ဒိုက အကောင်းဆုံးပါ။ ဒါကြောင့် မန်ယူအသင်း ရလဒ်ဆိုးတိုင်း သူ့ကို ဝေဖန်နေကြတာတွေက အဓိပ္ပာယ်မရှိပါဘူး။ ဘောလုံးမှာ ရလဒ်က အရေးကြီးဆုံးဖြစ်ပြီး မန်ယူအသင်းက မျှော်လင့်တဲ့ ရလဒ်ကို မရဘူးဖြစ်နေတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင် မန်ယူအသင်းမှာ စီရော်နယ်လ်ဒို အကောင်းဆုံးပါပဲ။ ဒါကြောင့် သူ့ကို ဝေဖန်နေကြတာတွေကို ကျွန်တော်ကတော့ နားမလည်ပါဘူး”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသော်လည်း စီရော်နယ်လ်ဒိုသည် ပရီးမီးယားလိဂ် (၉)ပွဲတွင် (၄)ဂိုးနှင့် ချန်ပီယံလိဂ် (၅)ပွဲတွင် (၆)ဂိုး သွင်းယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular