ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)အ ဖြစ်ယှဉ်ပြိုင်ခဲ့သော လီဗာပူးလ်အ သင်းနှင့်ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့ပြီးနောက် မန်ယူအသင်း၏ အဝေးကွင်း ပွဲဆက်ရှုံးပွဲမရှိ အရေအတွက်မှာ (၁၆) ပွဲအထိရှိလာခဲ့ပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း အသင်း၏ အကောင်းဆုံးပရီးမီးယားလိဂ်အဝေးကွင်းစွမ်းဆောင်ရည် ဖြစ်လာခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ (၁၇)ရက်နေ့ က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်ယှဉ်ပြိုင်ခဲ့သော ချယ်လ်ဆီးအသင်းနှင့်ပွဲ စဉ်တွင် (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲ မှစ၍ နောက်ဆုံး အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းအား ဂိုးမရှိသရေကျသည့်ပွဲစဉ်အထိ ပရီးမီးယားလိဂ်အဝေးကွင်း (၁၆)ပွဲဆက် ရှုံးပွဲမရှိ အောင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
မန် ယူအသင်းအနေဖြင့် အဆိုပါအဝေးကွင်း (၁၆)ပွဲတွင် (၁၂)ပွဲနိုင်၊ (၄)ပွဲ သရေရလဒ်ကို ရရှိခဲ့သည်။
မန်ယူအသင်းသည် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ (၅)ရက်နေ့ကယှဉ်ပြိုင်ခဲ့ သော ဗီလာအသင်းနှင့် (၁-၁)ဂိုးသရေကျသည့်ပွဲမှစ၍ ၁၉၉၉ ခုနှစ် စက်တင် ဘာ (၁၁)ရက်နေ့ကယှဉ်ပြိုင်ခဲ့သော လီဗာပူးလ်အသင်းအား (၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲအထိ အဝေးကွင်း (၁၇) ပွဲဆက်ရှုံးပွဲမရှိကစားကာ အသင်း၏အကောင်းဆုံးစွမ်းဆောင်ရည်အဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ ကြောင့် မန်ယူအသင်းအနေဖြင့် လာမည့်ဇန်နဝါရီ (၂၁)ရက်နေ့တွင် ယှဉ် ပြိုင်မည့် ဖူလ်ဟမ်အသင်းနှင့် အဝေးကွင်းပွဲတွင် ရှုံးပွဲမရှိအောင် ကစားနိုင်ပါက အသင်း၏ပရီးမီးယားလိဂ် အဝေးကွင်းစံချိန်တစ်ခုကို လိုက်မီမည်ဖြစ်ပြီး ဇန်နဝါရီ (၃၁) ရက်နေ့တွင် ယှဉ်ပြိုင်မည့် အာဆင်နယ်နှင့်အဝေးကွင်း ပွဲတွင်ပါ ရှုံးပွဲမကြုံခဲ့ပါက စံချိန်သစ် တင်ရှိနိုင်မည်ဖြစ်သည်။