မန်ယူအသင်း၏ ၀ါရင့်တိုက်စစ်မှူး ကာဗာနီသည် လာမည့်ရာသီအစပရီး မီးယားလိဂ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲဝင် ဥရုဂွေးလက်ရွေးစင်အသင်း၌ ပါဝင်ကစားခဲ့ခြင်းကြောင့် ကာဗာနီအား မန်ယူအသင်းက အနားပေးထားပြီး ၎င်းအနေဖြင့် မန်ယူအသင်း၏ ရာသီအဖွင့်ပွဲစဉ် မန်ယူ – လိဒ်စ်ပွဲစဉ်၌ မပါဝင်ရန် သေချာသလောက်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းအနေဖြင့် ပေါင် (၇၃)သန်းဖြင့် ဝယ်ယူထားသော ကစားသမားသစ် ဆန်ချို ကို ပွဲစဉ် (၁)တွင် ပွဲထုတ်အသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။