spot_img

မန်ယူအသင်း၏ ယူရိုပါလိဂ်လူစာရင်းတွင် အသင်းခေါင်းဆောင် မက်ဂွိုင်းရား ပါဝင်

မန်ယူအသင်းသည် ဗီလာရီးယဲလ်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ကစားသမား(၂၆)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ဒဏ်ရာကြောင့် အနားယူနေရသည့် အသင်းခေါင်းဆောင် မက်ဂွိုင်းရား ပါဝင်လာခဲ့ကြောင်း သိရသည်။

မက်ဂွိုင်းရားသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် မန်ယူအသင်း၏ နောက်ဆုံးပြည်တွင်းပွဲစဉ်(၄)ပွဲကို လွဲချော်ခဲ့သူဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း လွဲ ချော်နိုင်သည်ဟု ထင်ကြေးပေးခံခဲ့ရသည်။

myan789

သို့သော် မန်ယူနည်းပြ ဆိုးလ်ရှားက မက်ဂွိုင်းရား၏ ဒဏ်ရာအခြေအနေကို နောက်ဆုံးအချိန်အထိ စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့ပြီး ယခုအခါ ထည့်သွင်းရွေး ချယ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မက်ဂွိုင်းရားသည် မန်ယူအသင်းနှင့်အတူ ပိုလန်နိုင်ငံသို့ လိုက်ပါခွင့်ရရှိခဲ့သော်လည်း ဗိုလ်လုပွဲအတွက် ကစားသမား(၂၃)ဦး စာရင်းသွင်းရန်အတွက်မူ ကြံ့ခိုင်မှု အခြေအနေကို မန်ယူနည်းပြ ဆိုးလ်ရှားက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုးလ်ရှားသည် မက်ဂွိုင်းရားကို ရွေးချယ်ခဲ့သော်လည်း လေ့ကျင့်မှု ပြန်လုပ်နိုင်ပြီဖြစ်သည့် တိုက်စစ်မှူး မာစီယဲလ်ကိုမူ လူစာရင်းမှ ချန်လှပ်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ချန်ပီယံဆုရရှိရန် အပြတ်အသတ်ရေပန်းစားလျက်ရှိသည်။

သို့သော် ဗီလာရီးယဲလ်နည်းပြ အူနိုင်းအမ်မရီက ”ကျွန်တော်တို့ ဗိုလ်လုပွဲကို ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆုဖလားရယူနိုုင်ဖို့အတွက်လည်း အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ (၄)နှစ်အကြာတွင် ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆-၁၇ ရာသီ ဗိုလ်လုပွဲတွင် ချန်ပီယံဆုရယူကာ အောင်ပွဲခံနိုင်ခဲ့သော ကစားသမားများအနက် ဒီဟေးယား၊ မာတာ၊ ရပ်ရှ်ဖို့ဒ်နှင့် ပေါ့ဘာတို့ (၄)ဦးသာ အသင်းတွင် ကျန်ရှိတော့ကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular