spot_img

မန်ယူအသင်း၏ ထိုင်းနိုင်ငံခြေစမ်းခရီးကို စီရော်နယ်လ်ဒို လွဲချော်မည်

မန်ယူအသင်း၏ တိုက်စစ်မှူး စီရော် နယ်လ်ဒိုသည် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ် များတွင် ပါဝင်နိုင်ခြင်းမရှိသည့်နောက် ရာသီကြို ထိုင်းနိုင်ငံခြေစမ်းခရီးကိုလည်း လွဲချော်မည်ဖြစ် ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်းကာ လေ့ကျင့်မှုပြုလုပ်ရမည်ဖြစ်သော်လည်း မိသားစုအကြောင်းပြချက်ဖြင့် ပျက်ကွက်ခဲ့သည်။

myan789

နောက်နေ့များတွင်လည်း ပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့ဘဲ ပေါ်တူဂီနိုင်ငံတွင်သာ လေ့ကျင့်နေကြောင်း သတင်းထွက်ခဲ့သည်။

ထို့ကြောင့် သောကြာနေ့(ယနေ့)ထွက်ခွာမည့် မန်ယူအသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ်တွင် ပါဝင် နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် နော်ဝေနိုင်ငံတို့တွင် သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမဆုံးခြေစမ်းပွဲမှာ ဇူလိုင်(၁၂)တွင် ထိုင်းနိုင်ငံ၌ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ယင်းအတွက် မန်ယူအသင်းသည် ဇူ လိုင်(၈)ရက်နေ့(ယနေ့)တွင် ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ရာ စီရော်နယ်လ်ဒို မပါဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသူဖြစ်ပြီး လက်ရှိအခြေအနေများအရ လမ်းခွဲရရန် ပိုမို နီးစပ်လာသည်။ ၎င်းင်း၏အပြုအမူအပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular