မန်ယူအသင်းနှင့် လမ်းခွဲထားသည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယားသည် လာလီဂါကလပ်များသို့ ပြောင်းရွှေ့ကစားရန် ဆွေးနွေးနေကြောင်း သိရသည်။
ဒီဟေးယားသည် အသင်းမှ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပြီးနောက် ပြီးခဲ့သည့်ဇွန်လကုန်တွင် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သူ ဒီဟေးယားအနေဖြင့် မန်ယူအသင်းတွင် ၁၂ ရာသီကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ သူဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအ ရွှေ့ကာလအတွင်း ဥရောပထိပ်သီးကလပ်များဖြစ်သည့် ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်အသင်းများနှင့်လည်း သတင်းထွက်ခဲ့သည်။
သို့သော် အပြောင်းအရွှေ့ဖြစ်ပေါ်လာခြင်း မရှိသောကြောင့် လက်ရှိအချိန်အထိ အသင်းလက်မဲ့ ဖြစ်နေခြင်းဖြစ်သည်။ ဒီဟေးယားကို ဆော်ဒီကလပ်များမှ စိတ်ဝင်စားမှု ရှိခဲ့သော်လည်း ၎င်းကိုယ်တိုင်က ဥရောပဘောလုံးလောကတွင်သာ ဆက်လက်ကစား ရန် ဆန္ဒရှိခဲ့သည်။
စပိန်မီဒီယာ Fichajes က ဘက်တစ်အသင်းသည် ဒီဟေးယားကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း သိရသည်။ ထို့ပြင် အခြားလာလီဂါကလပ်အသင်းဖြစ် သည့် ဗလင်စီယာမှာလည်း ဒီဟေးယားကို ချဉ်းကပ်ရန် စဉ်းစားနေကြောင်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။
၎င်းသည် လက်ရှိတွင် လေ့ကျင့်ခန်းမပြတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဒီဟေးယားအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂-၂၃ ဘောလုံးရာသီအတွင်း မနယူအသင်းအတွက် Clean Sheet ၁၇ ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု ရရှိခဲ့သော်လည်း အသင်းမှ အိုနာနာနှင့် အစားထိုးရန် ဆုံးဖြတ်ခဲ့သည်။