မန်ယူအသင်း၏ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၏တန်ဖိုးမှာ တစ်နှစ်တာကာလအတွင်း (၂)ဆနီးပါးအထိ မြင့်တက်လာကြောင်းသိရသည်။
ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလက မန်ယူအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ထိုစဉ်က သူ၏စျေး ကွက်တန်ဖိုးမှာ ပေါင်(၄၃.၂)သန်းရှိခဲ့ကြောင်း ဘောလုံးဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Transfermarkt က ဖော်ပြခဲ့သည်။ ယင်းဝက်ဘ်ဆိုက်၏ဖော်ပြချက်အရ ယခုအခါ ဘရူနိုဖာနန်ဒက်စ်၏ စျေးကွက်တန်ဖိုးမှာ ပေါင်(၈၁) သန်းအထိရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘရူနိုဖာနန်ဒက်စ်သည် လက်ရှိမန်ယူအသင်းရှိကစားသမားများထဲ၌ စျေးကွက်တန်ဖိုးအတိုးတက်ဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိနေကြောင်း ဘောလုံးစျေးကွက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Transfermarkt က ဖော်ပြခဲ့သည်။