ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ် က ချန်ပီယံလိဂ်ပြိုင်ပွဲ၌ မန်ယူအသင်းအား ရှုံးနိမ့်ပြီး ထွက်ခဲ့ရခြင်းမှာ နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံး အတွေ့အကြုံဖြစ် ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ချယ်လ်ဆီးနှင့် မန်ယူအသင်းသည် ယနေ့ (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် လန်ဒန်မြို့ရှိ စတမ်းဖို့ဒ်ဘရစ်ချ် ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲ အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် တူဟယ်လ်က ယခုလို ပြောကြားခြင်းဖြစ်သည်။တူဟယ်လ်သည် PSG အသင်းကို ကိုင်တွယ် စဉ် မန်ယူအသင်းနှင့် လေးကြိမ်ဆုံတွေ့ဖူးပြီး အဝေးကွင်းနှစ်ပွဲစလုံး အနိုင်ရခဲ့သော်လည်း အိမ်ကွင်းနှစ်ပွဲစလုံး ရှုံးနိမ့်ထားသည်။
PSG အသင်းသည် ၂၀၁၈-၂၀၁၉ ရာသီ ၁၆ သင်း အဆင့် ပထမအကျော့တွင် အိုးလ်ထရက်ဖို့ဒ် ကွင်း၌ (၀-၂) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အိမ်ကွင်းတွင် (၁-၃) ဂိုးဖြင့် ပြန်လည်ရှုံးနိမ့် သောကြောင့် အဝေးဂိုးစည်းမျဉ်းဖြင့် ထွက်ခဲ့ ရသည်။ ယခုရာသီ အုပ်စုအဆင့်တွင်မူ ပထမ အကျော့ အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်မှုကို အဝေးကွင်း၌ (၁-၃) ဂိုးဖြင့် ပြန်လည်အနိုင်ယူကာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့သည်။
သို့သော် ၂၀၁၈-၂၀၁၉ ရာသီတွင် ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရခြင်းနှင့်ပတ်သက်၍ တူဟယ်လ်က “ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီပွဲအပြီးမှာ ကျွန်တော့်ဘဝက နှစ်ရက်လောက် လုံးဝ မှောင်မိုက်သွားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘဲ အဲဒီရှုံးပွဲကလွဲပြီး တခြား ဘာအကြောင်းမှ မတွေးနိုင်ခဲ့ဘူး။ အဲဒါက ကျွန်တော့်အတွက် အဆိုးရွားဆုံး ရှုံးနိမ့်တဲ့ အတွေ့အကြုံ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ပြန်လာနိုင်ဖို့ နှစ်ရက်လောက် မှောင်မိုက်နေတဲ့နေရာမှာ နေခဲ့ရတယ်” ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လည်း တူဟယ်လ်လက်ထက်တွင် ရှစ်ပွဲစလုံး ရှုံးပွဲမရှိသေးဘဲ ပုံစံကောင်းရနေသည့် ချယ်လ် ဆီးအသင်းကို ရပ်တန့်နိုင်ရန် မျှော်လင့်ထား ကြောင်း ပြောကြားခဲ့သည်။ “သူတို့ရဲ့ရလဒ်တွေ၊ အချက်အလက်တွေ၊ ဘောလုံးပိုင်ဆိုင်မှုမှတ် တမ်းတွေနဲ့ ဂိုးမပေးရတဲ့မှတ်တမ်းတွေကို ခင်ဗျားတို့လည်း တွေ့ကြမှာပါ။ သူလုပ်ထား တာတွေက အရမ်းကောင်းပါတယ်။ ရာသီ ဝက်ကာလမှာရောက်လာပြီးတော့ ကိုင်တွယ် ရတာက ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါ ပေမဲ့ သူ့အနေနဲ့ ဒီလိုကောင်းကောင်းမွန်မွန် လုပ်နိုင်တဲ့အတွက် ကျေနပ်သင့်ပါတယ်။ သူတို့ကို ကျွန်တော်တို့ ရပ်တန့်နိုင်မယ်လို့ လည်း မျှော်လင့်ပါတယ်။ အခုလောလော ဆယ်မှာ ကျွန်တော့်အလုပ်က သူတို့ကို ရပ် တန့်ဖို့ပါပဲ။ ရာသီကုန်ရပ်တည်မှုအကြောင်း ပြောဖို့ကတော့ စောပါသေးတယ်။ အခုအချိန် မှာ ရပ်တည်မှုအကြောင်း ပြောလို့မရသေးပါဘူး” ဟု ဆိုးလ်ရှားက ဆိုသည်။