အေဂျက်စ်အသင်း၏ တိုက်စစ်ကစားသမား အန်တိုနီသည် မန်ယူအသင်းသို့ ပြောင်း ရွှေ့ခွင့်ရရန် အေဂျက်စ်အသင်းကို တွန်းအားပေးနေကြောင်း သိရသည်။
ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီ(၂၂ နှစ်)သည် မန်ယူနည်းပြ တန်ဟက်ဂ်၏ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်သော်လည်း အေဂျက်စ်အသင်းက ပြောင်းရွှေ့ ကြေးမြင့်မားစွာ ရရှိလိုသောကြောင့် အခက်တွေ့နေခြင်းဖြစ်သည်။ ၏
အေဂျက်စ်အသင်းသည် အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် အန်တိုနီကို အသင်းတွင် ဆက်ထိန်းလိုနေပြီး မဖြစ်မနေ ရောင်းချရမည်ဆိုပါကလည်း ပေါင် (၈၄) သန်းအထိ ရရှိရန် ဆန္ဒရှိနေကြောင်း သိရသည်။
ထို့ကြောင့် အန်တိုနီသည် ၎င်းအား သင့်တော်သည့်စျေးဖြင့် ရောင်းချရန် အေဂျက်စ်အသင်းကို တွန်းအားပေးနေကြောင်း သိရသည်။
အန်တိုနီသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက အေဂျက်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၁၂) ဂိုး သွင်းယူပေးခဲ့သည်။